"ခဏလေးနေပါဦး သွန်းဆက်" အစ်မ၏အသံကြောင့် သွန်းဆက် အနောက်ကိုလှည့်ကြည့်လိုက်သည်။ အစ်မ၏မျက်ဝန်းများက မှေးမှိန်နေသည်။ ထိုမျက်ဝန်းများကိုမြင်ရသည်မှာ သွန်းဆက်ရင်ထဲမွန်းကြပ်လှသည်။
"ဟုတ်ကဲ့ ဘာဖြစ်လို့လဲ အစ်မ"
"အစ်မကို သီချင်းဆိုပြပေးနိုင်မလား" အဆက်အစပ်မရှိစွာပြောလာသောသူမ၏စကားသံတစ်ပိုင်းတစ်စကတောင် သွန်းဆက်ကိုရင်ခုန်စေသည်။
"..."သူမဘာမှပြန်မပြောမိလိုက်ပေ။
"ဟို..ရပါတယ်..သွန်းဆက်အဆင်မပြေလည်း.."
"အာ..ပြေပါတယ် အစ်မရဲ့...ဘာသီချင်းဆိုပြရင်ကောင်းမလဲ စဥ်းစားနေလို့ ဟီးဟီး" သွန်းဆက်လည်း ပြုံးပြကာပြောလိုက်သည်။
ထိုအခါမှ ခလည်းပြုံးလာသည်။ တော်သေးတယ်..ဒီတစ်ခေါက်အပြုံးက အရင်ကလောက်မတောက်ပပေမယ့် မှေးမှိန်နေတာလည်းမဟုတ်တာကြောင့် အစ်မနည်းနည်းအဆင်ပြေနေပြီဟု ခန့်မှန်းလို့ရသည်။"ဟုတ်ပါပြီ အဲ့တော့စဥ်းစားလို့ရပြီလား" ခလည်းပြုံးပြီးမေးလိုက်တော့ ထိုကလေးမက ရပြီဟုပြန်ဖြေသည်။
"ဂစ်တာသွားယူလိုက်ဦးမယ် အစ်မ" သွန်းဆက်လည်း အခန်းဆီသို့ပြေးကာ ဂစ်တာအိတ်ကိုသွားဆွဲယူလာသည်။ ထို့နောက် ခအခန်းဆီကိုပြန်ပြေးလာတာကြောင့် အမောမခံနိုင်သော သွန်းဆက်တစ်ယောက်အနည်းငယ်မောသွားသည်။ ခမမြင်စေရန် အခန်းနားတွင် ခဏအမောဖြေပြီးမှ အခန်းထဲဝင်လိုက်သည်။ အစ်မကတော့ laptopကိုသိမ်းထားပြီး ကုတင်စွန်းတွင် ထိုင်နေသည်။သွန်းဆက်လည်း ဂစ်တာအိတ်ကိုဆွဲကာ ခ၏ဘေးတွင်ဝင်ထိုင်လိုက်သည်။ သွန်းဆက် ခကိုတစ်ချက်လှမ်းကြည့်လိုက်တော့ ခကသူမကိုပြုံးပြီးကြည့်နေသည်။ သူမလည်းပြန်ပြုံးပြလိုက်သည်။ ဒီသီချင်းထဲကစကားလုံးတွေက အစ်မကိုရည်ရွယ်ပါတယ် အစ်မ.
သူမစိတ်ထဲမှပြောလိုက်သည်။ထို့နောက် ဂစ်တာကိုကြိုးညှိလိုက်ကာ စတင်တီးတီးခတ်လိုက်သည်။♡မင်းကလေးနဲ့ စကားပြောဖြစ်တဲ့
အချိန်အခါ တွေတိုင်း
အို ထူးဆန်းတဲ့ ရင်ခုန်သံ တွေခံစား
နေရတဲ့ခဏကို နှစ်ခြိုက် မိပါတယ်
တို့ဘဝကို လွှမ်းမိုး လွန်းသူရေ
မင်းကလေးနဲ့တို့နဲ့ကြားက ခင်မင်မှုစည်း
အို တိုးရှေ့သို့ ကိုယ်ဝင်လာချင်ပေမယ့်
မပျော်ရဲတဲ့ ဘဝမှာအားနည်း ချက်တွေနဲ့
မပြောရဲပါ နှုတ်ဆိတ်လို့ ငြိမ်သက်
အို.. မင်းကလေးကို
ခိုးစိတ်တိုးတိတ် လွမ်းနေမှာ
ကိုယ်မြတ်နိုး တဲ့ သီချင်းလေး များကို
တိုင်တည်နေမှာပါ
ဒါကို သိစိတ်ထဲက မရည်ရွယ်လည်း
မသိစိတ်အတွင်းက ရည်ရွယ်ထား...
YOU ARE READING
You are my sunshine {On Hiatus}
Romanceကံကြမ္မာဆိုတာ ယုံစားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ်..