Chapter 15 {Zawgyi + Unicode }

313 25 6
                                    

[Unicode]
"သမီးလေး သွန်းဆက် နိုးလာပြီလား" သွန်းဆက်က ညအိပ်ဝတ်စုံဖြင့်အောက်ဆင်းလာသည်ကို ကြီးမေမြင်၍လှမ်းပြောခြင်းဖြစ်သည်။

"ဟုတ် အန်တီ ဟို အစ်မရော"

"သမီး အစ်မကတော့ သွားနှင့်ပြီလေ ဒီနေ့က နန်းခက်ရဲ့ စာချုပ် ၁နှစ်ပြည့်တဲ့နေ့ဆိုတော့ သူ့ညီမကိုလည်းမုန့်တွေဘာတွေကျွေးဦးမယ် ထင်ပါတယ် ကဲ အန်တီမနက်စာ အုန်းနို့ခေါက်ဆွဲချက်ထားတယ် စားလိုက်နော်"

"ဟုတ်ကဲ့ ဒေါ်ဒေါ်"
ကြီးမေကသူမကိုပြုံးပြပြီး လုပ်စရာရှိသည်များကိုလုပ်ရန်သွားတော့သည်။
သူမအတွက်လည်း ဒီနေ့ဟာထူးခြားတဲ့နေ့တစ်နေ့ပဲမဟုတ်လား.

"မမ ဆိုင်လေးက အရင်အတိုင်းပဲနော် ဘာမှသိပ်ပြောင်းလဲမသွားသလိုပဲ"နန်းခက်က ဆိုင်ရဲ့အပေါ်ထပ်က ထောင့်နေရာမှဝင်ထိုင်ရင်းပြောသည်။ ထိုနေရာသည် လမ်းသွားလမ်းလာများအား ရှင်းရှင်းလင်းလင်းမြင်ရသောနေရာဖြစ်သည်။
"ဟုတ်ပ အရင်တိုင်းလေးပဲ ချစ်စရာလေး ဆိုင်ရဲ့အငွေ့အသက်လေးက"ခလည်း ပိုက်ဆံအိတ်နဲ့ကားသော့ကိုခုံပေါ်တင်လိုက်သည်။ဆိုင်လေးသည် မြန်မာဆန်ဆန် ပြင်ဆင်ထားသောဆိုင်လေးဖြစ်သည်။ ဆိုင်ရှိပစ္စည်းများမှာလည်း မြန်မာ့ပစ္စည်းများဖြင့်ပြုလုပ်ထားသည်။ နံရံတွင်လည်း ပန်းချီကားများချိတ်ဆွဲထားသည်။ သူမတို့ထိုင်နေသော နေရာသည် သစ်သားခုံအမြင့်လေးများရှိရာနေရာဖြစ်သည်။
မကြာမီစားပွဲထိုးလေးရောက်လာသည်။
"အစ်မတို့ ဘာသုံးဆောင်ကြမလဲ ခင်ဗျ"

"ကြက်ကုန်းဘောင် တစ်ပွဲ ၊ပြည်လုံးချမ်းသာ တစ်ပွဲ၊ ကန်စွန်းပလိန်း တစ်ပွဲနဲ့ ပြည်ကြီးငါးသုပ်တစ်ပွဲ ထမင်းဖြူတစ်ပွဲရောနော် "

"နန်းခက် အဲ့ဒါ​အကုန်တစ်ယောက်တည်းစားမှာလား"

"မဟုတ်ဘူး မမလည်းစားလေ "

"ခကတော်ပြီလေ"

"မရဘူး  စားပါ မမရယ် တစ်ခါတစ်လေလေးစားတာကို"

"ဟုတ်ပါပြီ အဲ့ဒါဆို မောင်လေး ထမင်းဖြူက ၂ပွဲနော်"

"ပြည်လုံးချမ်းသာက ဘာနဲ့လဲ ခင်ဗျ"

You are my sunshine {On Hiatus}Where stories live. Discover now