Chapter 17 {Unicode + Zawgyi }

349 30 2
                                    

[Unicode]
အချိန်အနည်းငယ်အကြာတွင် သွန်းဆက်ပါအောက်သို့ဆင်းလာသည်။ ထမင်းစားခန်းသို့မဝင်ခင် ခ၏မျက်နှာကိုအကဲခတ်လိုက်သည်။ ပုံမှန်အတိုင်းပင်....ဘာကြောင့်လဲ ...ဒီလောက်တည်ငြိမ်နေတာမျိုးက မဖြစ်သင့်ဘူး...

"သြော် ဒီကလေးမနှယ် အဲ့မှာတောင့်တောင့်ကြီး ဘာရပ်လုပ်နေရပြန်တုန်း" ကြီးမေက လှမ်းပြောလိုက်သဖြင့် တစ်ခုခုကိုစဥ်းစားနေဟန်ရှိသည့် ခ၏ အတွေးများရပ်သွားက သွန်းဆက်ဘက်သို့ အပြုံးတစ်ခုဖြင့်လှည့်လာသည်။
" ကြီးမေပြောတာဟုတ်သားနော် ဒီကောင်မလေး ဒီနေ့ဘာတွေအတွေးများနေပါလိမ့်" မေနန်းခလည်းပြုံး၍ပြောလိုက်သည်။
ခ၏ပျောက်ဆုံးလျက်ရှိသော အပြုံးများကို သွန်းဆက်ကသယ်ဆောင်လာပေးနေသည်။ ဤအခြင်းအရာကိုကြီးမေတွေးကာ ပီတိဖြာနေမိသည်။
သွန်းဆက်လည်း လည်ပင်းအနောက်သို့လက်ဖြင့်ပွတ်သပ်ကာ ထမင်းစားပွဲခုံတွင်သွားထိုင်လိုက်သည်။
" စောင့်နေရလို့တောင်းပန်ပါတယ် အစ်မ"

"ရပါတယ်ရှင် အခုရှင်ရောက်ပြီဆိုတော့ စားကြတာပေါ့ " စောင့်ဆိုင်းခြင်းကို အလွန်တရာမကြိုက်လှသော မေနန်းခသည် သွန်းဆက်သွေးဟူသော ကလေးမကိုတော့ မည်သည့်အချိန်ထိစောင့်ရစောင့်ရ ကျေနပ်နေပုံရသည်။
သြော် ကံတရားကဆန်းကြယ်လိုက်ပါဘိ....

စောင့်ဆိုင်းနေသူကလည်းဆက်လက်စောင့်ဆိုင်းနေသလို လက်လွှတ်ထားသူကလည်း အစောကတည်းက လက်လွှတ်ပြီးသား...
သူတို့၏ ညနေစာထမင်းဝိုင်းသည် သွန်းဆက်ရောက်လာမှ ပို၍ပြည့်စုံသွားသယောင် ရယ်သံမောသံများပြည့်လျှံလျက်..အိမ်သည်လည်း အိမ်နှင့်ပိုတူသွားသလို..

သွန်းဆက်က အိပ်မပျော်၍အောက်ဆင်းလာစဥ် ဧည့်ခန်းထဲမှာစာအုပ်ဖတ်နေသည့်ခကိုတွေ့လိုက်သည်။
အစ်မရဲ့ တစ်ခုခုကို အာရုံစိုက်နေသည့်ပုံစံသည် မှင်သက်ဖွယ်ကောင်းလှသည်။ စဥ်းစားစရာရှိလျှင် မျက်ခူံးမျက်ခုံးများကိုကွေးညွှတ်၍ စူးစိုက်နေပုံကလည်း ချစ်စရာတစ်မျိုးပင် ..
သူမအားတစ်ယောက်ယောက်ကကြည့်နေသည်ဟုခံစားရသည့်ပုံပေါိ်သွားသည့် ခက လှေကားဘက်ကိုလှမ်းကြည့်လိုက်သည်။

You are my sunshine {On Hiatus}Where stories live. Discover now