Chapter 9 [Unicode+ Zawgyi]

366 31 1
                                    

[Unicode]
"အာ..သွန်းဆက် ဘာမှတောင်မပြင်ဆင်လာမိဘူး"

"ရပါတယ် သွန်းဆက်စိတ်ထဲရှိတဲ့အတိုင်းလုပ်ပါ"

"ဟုတ်"သွန်းဆက်သွေးလည်း သူမguitarအိတ်ထဲမှ guitarကို ထုတ်လိုက်ကာ ကြိုးများကိုချိန်ညှိနေသည်။
ထို့နောက် ချောင်းတစ်ချက်ဟန့်လိုက်သည်။

♡အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း
အာရုံမှာငြိတဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
ကျိန်စာအလား ရပ်မသွားတဲ့
ခံစားချက်ပေါင်း များစွာနဲ့
စူးရှတဲ့ မျက်ဝန်းတစ်စုံ
မင်းချန်ခဲ့
မူမပိုင်တဲ့ မျက်ဝန်းအတွက်
ကြိတ်ပြီး ရူးခဲ့ရပေမဲ့
နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေတွေးပူနေ...
ဟန်မဆောင်တဲ့ အချစ်တွေနဲ့
ရင်ထဲက စောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ချင်ပေမဲ့
မသေချာတဲ့ အချစ်တွေနဲ့
ပစ်သွားမလား စိုးရိမ်ခဲ့
မျက်ဝန်းနဲ့..
ပြောနေမိ.. ခဲ့..
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း
အာရုံမှာငြိတဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
နေ့တွေညတွေ မှားသွားခဲ့
ချိုမြိန်သာယာလေသော မင်းမျက်ဝန်း
ရင်မှာ နှောင်ကြိုးဖွဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
မင်းရဲ့.. မင်းရဲ့...
အချစ်မျက်ဝန်း ♡

"ဖြောင်း ဖြောင်း" မေနန်းခက လက်ခုပ်တီးလိုက်သည်။
သွန်းဆက်သွေးကတော့ သွားကြီးဖြီးကာ လက်နဲ့လည်ပင်းသူပွတ်နေသည်။

"ကောင်းတယ် သွန်းဆက် သွန်းဆက်အသံကလေ သီချင်းအေးအေးလေးတွေနဲ့တော်တော်လိုက်တယ် အသံလေးကချိုနေတာပဲ"
မေနန်းခက သွန်းဆက်ကိုကြည့်ကာ ချီးကျူးနေသည်။ သူမမျက်လုံးများမှာလည်းအရောင်တောက်လျက်။

"ဟီးဟီး အစ်မက ချီးကျူးတော့ သွန်းဆက် ရှက်တောင်ရှက်လာပြီ"

"အမလေး စောပါသေးတယ် ကျွန်မလည်း ဝေလည်းဝေဖန်တတ်ပါသတဲ့ရှင်" မေနန်းခက ထိုသို့ပြောပြီး ရယ်လိုက်သည်။ ရယ်လိုက်တိုင်းမှေးစင်းသွားတဲ့ မျက်လုံးတွေရယ် သူမစိတ်ဝင်စားတဲ့အကြောင်းတွေပြောတဲ့အခါ တောက်ပလာတဲ့မျက်ဝန်းတွေကို သူတော့ စွဲလမ်းမိနေပြီထင်ပါရဲ့။
.
.
.
.
.
.
.
"မင်းတို့ အစ်မရော " နန်းခက်မွှေးရောက်လာကာ မေနန်းခကိုမေးနေသည်။

You are my sunshine {On Hiatus}Donde viven las historias. Descúbrelo ahora