Chapter 7[Zawgyi + Unicode]

351 29 1
                                    

[Zawgyi]
" ဟယ် နန်းခက် ခအခန်းထဲမှာဘာလုပ်နေတာလဲ" မေနန်းခက ရေချိုးခန်းထဲမှာထွက်လာသောအခါ အိပ်ရာပေါ်မှာထိုင်နေသော နန်းခက်အားမြင်၍မေးလိုက်သည်။
"မမနဲ့အိပ်မလို့လေ " နန်းခက်က လက်ကိုပါးစပ်ဖြင့်ပိတ်ပြီးရယ်လိုက်သည်။ "guest roomမှာ သွားအိပ်လေ သွား ဘာလို့ ဒီမှာအိပ်မှာလဲ သွားသွား ခ အင်္ကျီလဲရတော့မယ်။" မေနန်းခက နန်းခက်မွှေးအား အခန်းထဲမှဆွဲထုတ်နေသည်။ (မေနန်းခကိုယ်မှာ bath robe ရှိပါတယ်နော်) နန်းခက်လည်းရယ်ရင်း guest roomဘက် လျှောက်သွားလိုက်သည်။ ထို့နောက် သူလည်းရေချိုးရန်ပြင်ဆင်လိုက်တော့သည်။ ရေချိုးပြီးနောက် အခန်းထဲတွင်ရှိသော ညအိပ်ဝတ်စုံကို ဝတ်ကာ အိပ်လိုက်သည်။

"အမလေး မနေ့က ပင်ပန်းသွားလို့ဖြစ်မယ် ညက တစ်ရေးတောင်မနိုးဘူး " နန်းခက်က လက်တွေကိုဆန့်လိုက်ကာ ရေရွတ်လိုက်သည်။ ထို့နောက် ရေချိုးခန်းထဲသွားကာ မျက်နှာသစ် ရေချိုးအဝတ်အစားလဲကာ မေနန်းခကို လိုက်ရှာတော့သည်။ သို့သော် မည်သူမှမရှိသဖြင့် ကြီးကြီးမေကိုသာ မေးကြည့်ရသည်။ ကြီးကြီးမေဆိုသည်မှာ အိမ်တွင် ဝေယျာဝစ္စကိစ္စများကူလုပ်ရန် ခေါ်ထားသော အဒေါ်ကြီးဖြစ်သည်။ သို့သော် ယခုအခါတွင်တော့ မိသားစုဝင်အရင်းတွေလိုဖြစ်နေချေပြီ။

"ကြီးမေရေ မမရော ဘယ်ရောက်သွားတာလဲ" နန်းခက်မွှေးက ဟိုကြည့်ဒီကြည့်လုပ်ရင်းမေးလိုက်သည်။
"ကိစ္စရှိလို့ဆိုလားပဲ နန်းခက်လေးရဲ့ မနက်စာတောင်စားမသွားဘူး ဒီနေ့အလုပ်လည်းမရှိဘူးကိုပဲ" ကြီးမေက နန်းခက်အတွက် မနက်စာ ကော်ဖီနှင့်ပေါင်မုန့်မီးကင်ကိုပြင်ဆင်ရင်းဖြေသည်။
နန်းခက်မသိတဲ့ကိစ္စဘာကိစ္စလဲဟု နန်းခက်စဉ်းစားရလေပြီ။
.
.
.
"လာပါ ထိုင်ပါ ဒေါ်မေနန်းခ" ဒေါ်ရှင်မင်းဆက်က ကော်ဖီတစ်ခွက်ကို ကိုင်ထားရင်း မျက်ရိပ်ပြလိုက်သည်။
"ဘာကိစ္စရှိလို့ ခ နဲ့တွေ့ချင်ရတာလဲဆိုတာ"မေနန်းခက ဒေါ်ရှင်မင်းဆက်နှင့် မျက်နှာချင်းဆိုင်နေရာတွင်ဝင်ထိုင်လိုက်သည်။
"အေးဆေးပေါ့ တစ်ခုခုမှာလိုက်ပါဦး မနက်စာလည်းမစားရသေးဘူးထင်တယ် ကျွန်မခေါ်လိုက်တဲ့အချိန်က အရမ်းစောသွားလားလို့ပါ" ဒေါ်ရှင်မင်းဆက်က ကော်ဖီသောက်ရင်း ပြောလိုက်သည်။
"မလိုပါဘူး ပြောစရာရှိတာကိုသာပြောပါ ကျွန်မလည်း အချိန်တွေပေါနေတဲ့လူတော့ မဟုတ်ပါဘူး"
"ဟက်" ဒေါ်ရှင်မင်းဆက်က ရယ်သံတစ်ချက်ပြုလိုက်သည်။ မေနန်းခကတော့ ထိုမထီမဲ့မြင် လုပ်တတ်သည့်အမျိုးသမီးကို စိတ်ထဲသဘောမတွေ့လှပေ။
"ဒီလိုပါ မေနန်းခနဲ့တွေ့ခဲ့တဲ့ သွန်းဆက်သွေးဆိုတဲ့ ကောင်မလေးက ကျွန်မတူမပါ သူသီချင်းဆိုတာကို ကျွန်မခွင့်ပြုမှာမဟုတ်သလို မေနန်းခဆီရောက်လာရင်လည်း လက်မခံဖို့ပြောချင်လို့ပါ" ဒေါ်ရှင်မင်းဆက်က လက်ထဲက ကော်ဖီခွက်ကိုပြန်ချလိုက်သည်။
"ဒီမှာရှင့် သွန်းဆက် သီချင်းဆိုတာမဆိုတာက သူ့ဘဝသူ့ရွေးချယ်မှုပါ ရှင်နဲ့ရော ကျွန်မနဲ့ရော မဆိုင်ပါဘူး သူကအရည်အချင်းရှိတဲ့ ကလေးမတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ သူ့ကိုလက်မခံစရာအကြောင်းကိုမရှိပါဘူး ဒေါ်ရှင်မင်းဆက်က ဒီကိစ္စကိုပြောချင်တာဆိုရင်တော့ ကျွန်မလက်မခံကြောင်းပဲ ပြောပါရစေ" မေနန်းခက ထိုသို့ပြောပြီး ခုံမှထထွက်ရန်ဟန်ပြင်လိုက်သည်။ သူမပြန်မည်လုပ်နေစဉ် အနောက်မှအသံထွက်လာသည်။
"မင်းရွေးချယ်မှုအတွက် မင်းနောင်တရလိမ့်မယ် မေနန်းခ" ဒေါ်ရှင်မင်းဆက်က ရယ်လိုက်သည်။
မေနန်းခကတော့ တန်းတန်းမတ်မတ်သာလှည့်ထွက်လာသည်။

You are my sunshine {On Hiatus}Where stories live. Discover now