Chapter 11 [Unicode+ Zawgyi]

406 35 2
                                    

[Unicode]
သွန်းဆက်သွေးက သူမအလုပ်လုပ်ရင်းစုမိသမျှပိုက်ဆံတွေရယ် သူမအဖေသူ့အတွက်ပေးထားခဲ့တဲ့ ပိုက်ဆံအချို့ရယ်နဲ့ အိမ်အသေးတစ်လုံးငှားရန်ပြင်ဆင်နေသည်။
"ဒီနေ့ သီချင်းသွားဆိုရမယ့်နေ့ပဲ ပြီးရင်လည်း အိမ်လိုက်ရှာရဦးမယ် ဟူး...ဒီနေ့တော့ပင်ပန်းပြီပဲ.." သွန်းဆက်က တစ်ယောက်တည်းရေရွတ်ရင်း အခန်းထဲမှအပြင်သို့ထွက်လာသည်။
"ဒါက ဘယ်သွားမလို့လဲ ..ပြီးတော့ ဒီမှာမနေတော့ဘူးဆို ဘာလို့ရှိနေသေးတာလဲ ..မင်းသီချင်းမဆိုတော့ဘူးဆိုရင်တော့ ငါမင်းကို ဒီမှာဆက်နေခွင့်ပေးနိုငိပါတယ်"
အခန်းထဲမှထွက်ထွက်ချင်း ဒေါ်ရှင်မင်းဆက်ကို  တွေ့လိုက်ရသည့်အတွက် သွန်းဆက်စိတ်ညစ်သွားသည်။ "ဒီနေ့တော့ တစ်နေကုန်ကံမကောင်းဘဲနေတော့မှာပဲ."။
"ဒီလမကုန်ခင် ကျွန်မခြေထောက်နဲ့ကျွန်မဒီအိမ်ပေါ်ကဆင်းမှာပါ ရှင်နှင်ထုတ်စရာမလိုပါဘူး"သွန်းဆက်လည်း ဒေါ်ရှင်မင်းဆက်ကို ခပ်ဆဆကြည့်ကာ လှည့်ထွက်လာသည်။
"မင်းမှားနေပြီ မင်းအကြီးကြီးမှားနေတာသွန်းဆက်သွေး"
.
.
.
.
.
"သွန်းဆက် ရောက်ပြီလား တွေ့ခဲ့လား အစ်မမေနန်းခကို နင့်ကိုစောင့်နေတယ်မနက်စာစားရင်းနဲ့ "ပိုးခန့်ထည်က သူမ​သူငယ်ချင်းသွန်းဆက်သွေးကိုပြောလိုက်သည်။

"ဟင် ဘယ်မှာလဲ ငါမတွေ့ခဲ့ဘူး စိတ်အခြေအနေသိပ်မကောင်းတာနဲ့ ဘေးဘီတောင်မကြည့်မိဘူး လမ်းမှာတောင်လူတစ်ယောက်ကို တိုက်မိတော့မလို့ " သွန်းဆက်သွေးလည်း သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ဟယ် ဘယ်လိုဖြစ်တာလဲ ဟိုမိန်းမကြောင့်ပဲလား"

"အင်း..ပြီးမှပဲအသေးစိတ်ပြောပြမယ် ငါသီချင်းသွားဆိုတော့မယ်"

"အင်းအင်း ကောင်းကောင်းဆိုခဲ့ Fighting "
သွန်းဆက်သွေးသည် အပြာနုနှင့်အဖြူအစင်းကွက်ဂါဝန်လေးကို ဝတ်ထားသည်။ဆံပင်ကို ဖဲကြိုးအပြာဖြင့် တစ်ဝက်စည်းကာ တစ်ဝက်ကိုချထားသည်။ ဂါဝန်လေးမှာလည်း ခြေထောက်အကုန်ဖုံးကိုမှ အောက်နှစ်ဖက်တွင် ရှုံ့ကြိုးလေးများနှင့် ..နူးညံ့ေသာမိန်းကလေးတစ်ယောက်အသွင်ကိုဆောင်နေသည်။
မေနန်းခက သွန်းဆက်သွေးကိုဝင်လာတာကိုမြင်၍ ပြုံးပြမည်ပြုသော်လည်း သွန်းဆက်သွေးက သူ့ကိုမြင်ပုံမရ။သူမ ဘာကြောင့်မှန်းမသိ အနည်းငယ်ဝမ်းနည်းသွားမိသည်။ သူမကို လျစ်လျူရှုသွားသလိုလည်းခံစားမိလိုက်သည်။ သူမက သွန်းဆက်အကြောင်းစဥ်းစားနေစဥ် သွန်းဆက်သွေးက stageပေါ်တွင်guitarဖြင့်ထိုင်ကာ သူမကိုယ်သူမမိတ်ဆက်နေသည်။ မေနန်းခက သူမကိုတစ်ချက်လှမ်းကြည့်လိုက်သောအခါ သူမက ပြုံးပုသည်။ ထိုအခါမှ မေနန်းခလည်းစိတ်အေးသွားကာ ပြန်ပြုံးပြလိုက်သည်။
"ခုနကသူမမြင်လို့နေမှာပါ"
.
"ကျွန်မ ဒီနေ့သီဆိုမယ့်သီချင်းကတော့ ကိုဖြိုးကြီးနဲ့ မကြိုးကြာတို့သီဆိုထားတဲ့ သူသိပါကွယ်ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်"
အချိန်မှာ ၁၀နာရီလောက်သာရှိသေးေသာ်လည်းဆိုင်တွင်တော့ လူကများစပြုနေပြီဖြစ်သည်။
သူမရှိနေတတ်သော စနေနဲ့အင်္ဂါနေ့များတွင် ဆိုင်မှာလူများတတ်စမြဲ ..ထို့ကြောင့် သူမ bonusလည်းပိုရသည်။
သူမတို့၏သူဌေးက အခွင့်အရေးယူတတ်သူမဟုတ်သောကြောင့် တော်သေးသည်ပြောရမည်။
guitarသံလေးနှင့်အရင်အစပျိုးလိုက်သည်။

You are my sunshine {On Hiatus}Donde viven las historias. Descúbrelo ahora