[Zawgyi]
"မမလေးက ဒီနေ့ Metanoia Production ပိုင်ရှင် ဒေါ်မေနန်းခနဲ့တွေ့ခဲ့ပါတယ် boss" ဝတ်စုံပြည့်နဲ့လူတစ်ယောက်က ရုံးခန်းကျယ်ထဲတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်အား ပြန်လည် တင်ပြနေသည်။
"အဲ့တော့ သူတို့ဘာပြောကြလဲ သူကဘာလို့ မေနန်းခကိုတွေ့ရတာလဲ" ထိုအမျိုးသမီးမှာဟိုဘက်ကိုလှည့်နေရာမှ ဒီဘက်ကိုလှည့်လာ၍ မေးလိုက်သည်။
သူမက ဦး မင်းထင်သွေး၏ ညီမဖြစ်သူ ဒေါ် ရှင်မင်းဆက်။ဦးမင်းထင်သွေးမှာ သွန်းဆက်သွေး၏အဖေဖြစ်သည်။ Travel agency တစ်ခုပိုင်ပြီး သိပ်အချမ်းသာကြီးမဟုတ်သောလည်း အေးအေးဆေးဆေးနေနိုင်စားနိုင်သည့်အခြေအနေဖြစ်သည်။ယခုတော့မရှိတော့ပေ။
သူတို့ကို လူတော်တော်များများက မောင်နှမအရင်းမဟုတ်ဟုပြောကြသည်။ အကြောင်းမှာ ရုပ်ရည်သွင်ပြင်ကလည်းမတူ အကျင့်စရိုက်မတူသောကြောင့်ဖြစ်သည်။ ထိုကလေးမကလည်း ဦးအောင်မင်းခ၏အဖေနဲ့အမေ ခရီးသွားပြီးပြန်လာမှရသည့်ကလေးဖြစ်သည်ဟုလည်း သိရသည်။
"သူတို့ဘာတွေပြောကြလဲတော့ မသိပေမယ့် အဆင်ပြေသွားပုံတော့မရပါဘူး boss. နန်းခက်မွှေးက အရှေ့အရင်ပြေးထွက်သွားပြီး နောက်ကဒေါ်မေနန်းခက လိုက်သွားပါတယ် boss" ထိုဝတ်စုံအမည်းနဲ့အမျိုးသားက ပြောလိုက်သည်။
"အေး မင်းသွားလို့ရပြီ" ထိုအမျိုးသမီးက တစ်ချက်ပြုံးလိုက်သည်။
"မင်း ဘာတွေကြံစည်နေတာလဲ သွန်းဆက်သွေး"။
.
.
.
.
.
♡အချစ်စစ်တစ်ခုကိုရှာတွေ့ပြီ သူ့မျက်ဝန်းရဲ့ပုံရိပ်ဆီ
အတွင်းစိတ်တွေ သိကြတယ် ဒီလိုသက်ရောက်မှုလေးတွေ၊ တစ်မိုးအောက်တစ်ယောက်သာချစ်သွားမည်
အဆိုးအကောင်းမျှဝေခံစားကာ နှလုံးသားတွေ စေ့စပ်ကာ ရင်ခွင်လေးထဲခိုနားစဉ်.. ရှိသည်.. ဖြစ်သည်..
အချစ်က အရာရာဖန်ဆင်းသည် ထပ်တူ ချစ်သည်
မျက်စိမှတ်ကာယုံတော့မည် မိုး သက်လေပြင်းကျတဲ့အခါ ဘဝရဲ့အိမ်ကလေးအားတင်းပါ မပူပါနဲ့ အချစ်စစ်ရင် အခက်အခဲဆိုတာ ကြုံရမှာ စိတ်ကူးယဉ်တဲ့အချစ်တစ်ခုဟာ လက်တွေ့မဆန်ဘူးပြောကြတာ
မလိုပါဘူး ဘေးစကားတွေ
အချစ်ကို ကိုးကွယ်ယုံစားပြီး ချစ်တာ..
မုန်းလို့မရအောင်ချစ်သွားပြီး ဝေးလို့မဖြစ်တဲ့ဘဝလမ်းဆီ၊
စိတ်ညစ်စရာ ခဏဘေးဖယ် ဒီလိုအချစ်က ပြဌာန်းခဲ့..
တစ်ယောက်ရဲ့လက်ကို တစ်ယောက်ဆွဲကာ
ဆူးခင်းလမ်းလည်းမမြင်တော့ပါ နူးညံ့တဲ့ ဖဲမွေ့ယာ
ရင်ခုန်ခြင်းရဲ့မှတ်တမ်းများ... ရှိသည်..ဖြစ်သည်..
အချစ်က အရာရာဖန်ဆင်းသည် ထပ်တူ ချစ်သည်
မျက်စိမှတ်ကာယုံတော့မည်၊ မိုး သက်လေပြင်းကျတဲ့အခါ ဘဝရဲ့အိမ်ကလေးအားတင်းပါ
မပူပါနဲ့ အချစ်စစ်ရင် အခက်အခဲဆိုတာ ကြုံရမှာ
စိတ်ကူးယဉ်တဲ့အချစ်တစ်ခုဟာ လက်တွေ့မဆန်ဘူးပြောကြတာ မလိုပါဘူး ဘေးစကားတွေ
အချစ်ကို ကိုးကွယ်ယုံစားပြီး ချစ်တာ..♡
YOU ARE READING
You are my sunshine {On Hiatus}
Romanceကံကြမ္မာဆိုတာ ယုံစားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ်..