"ဟော ဟိုမှာ နေရာတွေ့ပြီ." ဒေါ်မေနန်းခက အစည်းအဝေးလုပ်မယ့်စားသောက်ဆိုင်ရဲ့car parkingမှာ ကားရပ်ဖို့နေရာရှာနေခြင်းဖြစ်သည်။
ဒေါ်လို့ထည့်ပြောတာက စီးပွားရေးလောကမှာအောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ကို လေးစားသမှုနဲ့ခေါ်ပေးရုံပါ။ သူ့အသက်ကတော့ အလွန်ဆုံးရှိ ၂၈ပေါ့။ သူမပျော်ရွှင်စွာနဲ့ရေရွတ်လိုက်ပြီး car parkingထိုးမယ့်အချိန်မှာ သူမနေရာကို တခြားကားတစ်ခုကို ရုတ်တရက်ဝင်လာပြီးထိုးလိုက်ပါတယ်။
"တောက်...ဒီကားကဘာလဲဟ...စောစောစီးစီး တကယ်ပဲ"အရင်တုန်းကလိုဆိုရင်သူမဆင်းပြီးရန်တွေ့လိုက်ချင်သည်။ဒီနေ့တော့ အရေးကြီးကိစ္စရှိတာကြောင့် သူမစိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ နောက်တစ်နေရာရှာလိုက်သည်။
"တွေ့ပါပြီ။အဲ့ကားဘေးမှာရပ်ထားတဲ့ကားကထွက်သွားတော့ သူ့နေရာလုသွားတဲ့Honda fit အမည်းရောင်ဘေးမှာပဲရပ်လိုက်သည်။ သူမသည် ပိတ်ဖောက်ဇာခံ၍ချုပ်ထားပြီး ကြယ်သီးများကိုအနီရောင်ပြုလုပ်ထားသော အဖြူေရာင်မြန်မာအင်္ကျီဝမ်းဆက်ကိုဝတ်ဆင်ထားခြင်းဖြစ်သည်။ သူမရဲ့ကားကတော့ land-rover defender အဖြူရောင်ဖြစ်နေတဲ့အတွက် ဝတ်စုံနဲ့တော့ သိပ်မလိုက်ဖက်လှချေ။ သို့သော် ဘယ်သူ့ကိုဂရုစိုက်ရမည်နည်း။ သူမကားပေါ်ကဆင်းကာ Honda fit ကားလေးထဲကိုလှမ်းကြည့်လိုက်သည်။ ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမက သူများကားနေရာကိုယူထားမှန်းလည်းသိပုံမရ။အေးအေးလူလူသာ မှန်ကြည့်ပြီးနှုတ်ခမ်းနီဆိုးနေလေသည်။ အဲ့ဒီအချိန်တွင် ထိုကောင်မလေးမှာ ရုတ်တရက် သူမဘက်သို့လှည့်လာကာ သူမနဲ့အကြည့်ချင်းဆုံသွားသည်။ ခ လည်းလန့်သွားပြီး အမြန်လှည့်ထွက်လာခဲ့သည်။
"ဘုရား ဘုရား ငါကြည့်နေတာများသိသွားသလားမသိဘူး..အို!သိတော့လည်းဘာဖြစ်တုန်းလို့ ငါကသူ့ကို မကောင်းတဲ့အကြံအစည်နဲ့ကြည့်တာမှမဟုတ်တာပဲ.."သူမက သူ့ရင်ဘတ်ကလေးသူလက်နဲ့ဖိကာရေရွတ်လိုက်သည်။
.
.
.
.
.
.
.
.
.
.
"အမလေး သူကငါ့ကိုဘာလို့လာကြည့်နေတာလဲ မသိဘူး..ငါ့ဘေးနားမှာ လူကြီးတစ်ယောက်လုံးမတ်တပ်ရပ်ကြည့်နေတာကို မသိဘူးများထင်နေရော့သလား..ရင်တွေတောင်တုန်တယ်တကယ်.."
သွန်းဆက်သွေးလည်း မျက်နှာကြီးနီကာတစ်ယောက်တည်းရေရွတ်ရင်းကားပေါ်က ဆင်းလိုက်သည်။
ESTÁS LEYENDO
You are my sunshine {On Hiatus}
Romanceကံကြမ္မာဆိုတာ ယုံစားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ်..