Chapter 16 {Unicode + Zawgyi}

358 28 4
                                    

[Unicode]
"ဟဲ့ သက်ပြင်းကြီးတချချနဲ့ တစ်လမ်းလုံးဘာတွေဖြစ်နေတာလဲဟ" ပိုးခန့်ထည်မှ မှန်ပြတင်းပေါက်ကိုကြည့်ရင်းငူငိုင်နေသော သွန်းဆက်အားလှမ်းမေးလိုက်သည်။

"ဟင် မဟုတ်ပါဘူး အစ်မမေနန်းခက ဘာလို့အဲ့လောက်စိတ်ဆိုးသွားတာလဲမသိဘူးလို့ စဥ်းစားနေတာပါ သူက မိန်းကလေးချင်းချစ်တာကိုများမုန်းလ်ို့လားမသိဘူးနော်"
သွန်းဆက်က သူမ၏လက်မနှစ်ခုကို ဆော့ကစားရင်းပြောလိုက်သည်။
"မုန်းတော့လည်းဟယ် နင်ကမမုန်းအောင်လုပ်ပေးလိုက်ပေါ့ ဘာဖြစ်တာမှတ်လို့ ပျော်အောင်သာနေပါဟယ် လူ့ဘဝကတိုတိုလေး " ပိုးထည်က ထိုသို့ပြောရင်း သီချင်းဖွင့်ကာ သီချင်းသံကိုကျယ်ထားလိုက်သည်။
သွန်းဆက်ကတော့သူမသူငယ်ချင်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။ သူမှမချစ်ဖူးဘဲကိုး..
ကိုယ့်ရဲဖြစ်တည်မှုက သူ့အတွက်အနှောင့်အယှက်ဖြစ်တာမျိုးကိုတော့ ဘယ်သူမှမလိုချင်ကြဘူးလေ..
"အင်း..ငါတော့ ဒီတစ်သက် အစ်မကိုဖွင့်ပြောခွင့်ရှိပါ့မလားနော်..ဒါမှမဟုတ် တိတ်တဆိတ်ချစ်သွားတာကပဲ ငါတို့၂ ယောက်ရဲ့ ဆက်ဆံရေးကိုပိုမြဲစေမလား ..." သူမ​တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ကဲ အစ်မ ကျွန်မမောင်းတော့မောင်းနေတာပဲ ရှင့်အစ်မအိမ်က ဘယ်နားမှာလဲ ပြောဦးလေ"ပိုးထည်က လှမ်းပြောလိုက်သည်။

"သြော် အေး ရှေ့လမ်းမကျ ညာချိုးပြီးပထမဆုံးတွေ့တဲ့လမ်းထဲဝင်လိုက် အဲ့မှာ ၅အိမ်မြောက်အိမ်မှာရပ်ပေး"

"အေးပါအေးပါ "ပိုးထည်လည်းလမ်းကြောင်းကြည့်မောင်းနေသဖြင့် သူမသူငယ်ချင်းကိုအာရုံမစိုက်နိုင်။ သွန်းဆက်ကတော့ မောနေသဖြင့်သူမ၏ဆေးဘူးကိုထုတ်ကာပါးစပ်ဖြင့်ရှူနေရသည်။
"ကဲ ရောက်ပြီ ...သွန်းဆက် အဆင်ပြေရဲ့လား သွန်းဆက် "

"ငါအဆင်ပြေတယ် ရတယ် ဆင်းတော့မယ် တာ့တာ အထဲလိုက်ဦးမလား"

"နေနေ ရတယ် ဂရုစိုက် ငါချိန်းထားတာရှိသေးတယ် သွားတော့မယ်"

"အေးအေးတာ့တာ"
ပိုးထည်၏ ကားထွက်သွားတော့မှ သူမလည်းအိမ်ထဲဝင်လာသည်။

You are my sunshine {On Hiatus}Where stories live. Discover now