[Zawgyi]
"ကြီးမေရေ ခပြန်ရောက်ပြီနော်""အေးအေး သမီး ရေမိုးချိုးလိုက်ဦးနော် ကြီးမေ ညစာပြင်ထားလိုက်မယ်"
"နေပါစေကြီးမေ ခ မစားချင်ဘူး အပေါ်တက်တော့မယ်နော်"
"အေးအေး ဟုတ်ပြီ သမီး"
"သြော်..ဒါနဲ့ နန်းခက်ရော လာသေးလား"
"မလာဘူး သမီး "
"သြော် ဟုတ်ဟုတ်"
မေနန်းခလည်း ပင်ပန်းနေသဖြင့် အပေါ်ထပ်တက်ကာ လန်းဆန်းသွားအောင် ရေချိုးလိုက်သည်။
ထို့နောက် သူမအခန်းထဲက အလုပ်စားပွဲတွင်ထိုင်ကာ အလုပ်လုပ်တော့သည်။ တကယ်ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်ပါလေ။
"သူသာလေညှင်းလေးဆို
ကိုယ်ဟာလေညှင်းအထိအတွေ့ကို ခံစားခွင့်ရှိတဲ့
ပန်းကလေးဖြစ်ချင်ခဲ့.... ယုံပါလို့လည်းမပြောချင်
ယုံစေချင်တဲ့ကိုယ့်အချစ်တွေ..ရင်ထဲအပြည့်ပေါ့ဟေ..
လိုချင်တာတွေရ မယ်ဆို
ဒါနောက်ဆုံး...အချစ်တခုနဲ့
ဒီဘဝခရီး စချင်တယ်
ကိုယ့်ရဲ့ရင်မှာ
ဝင်လာဖြစ်တည်နေတဲ့
အချစ်.တခုရှိတယ်
ထာဝစဉ်သိမ်းစည်းထားခဲ့
မင်းလေးယူနိုင်တယ်
ဒါမင်းအတွက် သီးသန့်ပဲ....."
မေနန်းခက ခပ်တိုးတိုးသီချင်းညည်းနေသည်။ ဒါဘယ်လောက်တောင်ကြာနေပြီလဲ..ခရဲ့အမေ ခကြောင့်ဆုံးသွားတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်ကစပြီး သူမသီချင်းမဆိုတော့ပါ။ သီချင်းဆိုတယ်ဆိုတာ နှလုံးသားတံခါးဖွင့်လိုက်ပြီဆိုတဲ့အဓိပ္ပါယ်ပေါ့။ သူမရဲ့သီချင်းဆိုသည့်အသံက စကားပြောသံကဲ့သို့ ချိုချိသာသာပင်။ သူမရဲ့သီချင်းဆိုသံကိုကြားခွင့်ရှိသည့်လေထုကိုပင် မကျေနပ်စရာ...။
အခန်းတံခါးခေါက်တော့မည့်ဟန်ရှိသည့်ကြီးမေက တစ်ချက်ပြုံးလိုက်သည်။အခုလို သီချင်းဆိုတာကို မကြားရတာအတော့်ကိုကြာခဲ့ပြီလေ။
"ဒေါက် ဒေါက်" ကြီးမေက ခအခန်းတံခါးကိုခေါက်လိုက်သည်။
မေနန်းခလည်းသီချင်းညည်းနေတာကိုရပ်လိုက်သည်။
"ကြီးမေလား ဝင်ခဲ့လေကြီးမေ"သူမလည်း laptopကိုပိတ်လိုက်သည်။
"အိပ်ခါနီး သမီးလေး နွားနို့သောက်ရအောင်ကြီးမေ ယူလာပေးတာ သောက်လိုက်နော်သမီး"ကြီးမေက နွားနို့ခွက်ချပေးပြီး အခန်းထဲမှပြန်ထွက်တော့မည်ပြုစဉ် ခက ကြီးမေကို လှမ်းခေါ်လိုက်သည်။
"ကြီးမေ မအိပ်သေးဘူးမလား ခစကားနည်းနည်းပြောချင်လို့"ခ၏မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြိာသန်းနေသည်။
"ဟုတ်ပြီ သမီး ပြောလေ ကြီးမေမအိပ်ချင်သေးတာနဲ့ အတော်ပဲပေါ့"ကြီးမေက ခနဲ့အတူတူ ကုတင်ထောင့်စွန်းမှာထိုင်လိုက်သည်။
"ကြီးမေ အချစ်ဆိုတာဘယ်လိုမျိုးလဲဟင်"ကြီးမေက မေနန်းခကိုအံ့သြသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ကာဖြေသည်။
"အင်း..ကြီးမေက အသက်တွေလည်းကြီးပါပြီကွယ်..ဘယ်လိုလှလှပပ အဓိပ္ပါယ်ဖွင့်ရမှန်းတောင်မသိတော့ဘူးကွယ်" ကြီးမေက မေနန်းခလက်ကိုတစ်ချက်ဆုပ်ကိုင်လိုက်ကာ ရယ်သည်။
"ခပြောပြမယ်နော် ကြီးမေ လူတစ်ချို့က အချစ်ဆိုတာပူလောင်တယ်တဲ့ တချို့ကကျ အေးချမ်းတယ်တဲ့ ကိုယ်က သူပြန်ချစ်ပါစေတော့ဆိုတဲ့ မျှော်လင့်ချက်ထားထားတဲ့သူတွေကတော့ပူလောင်တယ်ပြောကြမှာပေါ့ သူပျော်နေရင် ကျေနပ်ပါပြီဆိုတဲ့လူတွေအတွက်ကကျတော့ အေးချမ်းမှာပေါ့နော် ကြီးမေ" မေနန်းခက တွေးတောသည့်ဟန်ဖြင့် အဝေးကိုတစ်ချက်ငေးလိုက်သည်။
VOCÊ ESTÁ LENDO
You are my sunshine {On Hiatus}
Romanceကံကြမ္မာဆိုတာ ယုံစားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ်..