Ep...6(Z &. U)

583 38 9
                                    

Zawgyi

''ရန်ကုန်ပြန်လာဖို့စိတ်ကူးများမရှိတော့ဘူးလား''

အိမ်ပြန်တိုင်းကြားရသည်က ထိုစကားတစ်ခွန်းသာဖြစ်သည်။အိမ်ကိုမခင်လို့မဟုတ်သော်ငြား မြတ်ကိုထားပြီး ပြန်လာဖို့တော့ ကိုယ်မလုပ်နိုင်သေးပေ။

''ခုလည်း ပိတ်ရက်ဆိုပြန်လာနေတာပဲဟာ''

''ဟဲ့ တူမလား။ခုဆို လူတကာကပြောနေပြီ။ဟိုကလူနဲ့ညားတော့မှာ ရွာသူဖြစ်တော့မှာဆိုပြီး''

''မဆိုင်လိုက်တာ မေမေရယ်။ကိုယ်ယူမှဖြစ်မဲ့ဟာကို။ပြီးတော့ ရတော့ရော ဘာဖြစ်သေးလဲ''

ထိုစကားကိုပြောပြီး ကိုယ့်စိတ်ထဲ သိပ်တော့လိပ်ပြာမလုံ။သို့ပေမဲ့ ကိုယ် မြတ်အပေါ်ထားသည့်စိတ်က ချစ်ခင်တွယ်တာနေရုံကလွဲပြီး တခြားတခြားသော အတွေးများ လုံးဝရှိမနေသေးတာသေချာသည်။မြတ်ရဲ့သဘောထားကို ကိုယ်သေချာမသိပေမဲ့ပေါ့၊

''ဘာနေနေ ဒီနှစ်ကုန်ရင် ရန်ကုန်ပြန်လာခဲ့တော့၊စာသင်တာစိတ်ဝင်စားရင် ရန်ကုန်မှာထပ်သင်။မဟုတ်ရင်တခြားအလုပ်အတွက်စဉ်းစားတော့''

ခွန်းတုံ့ပြန်နေ၍လည်း ပြီးမည့်ကိစ္စမဟုတ်တော့ ဆိတ်ဆိတ်သာနေလိုက်တော့သည်။မြတ်ကို ခွဲနိုင်ဖို့ မလွယ်ရေးချလုံးဝမလွယ်ပေ။

#

မြတ်နဲ့ သူ့အတန်းထဲကကောင်မလေးနဲ့ကြိုက်နေသည်ဆိုသောသတင်းက ကိုယ့်နားထဲကို မကြားချင်ဘဲ ရောက်လာလေတော့သည်။မြတ်ကို ဒီတိုင်းချစ်နေရုံပါ စိတ်ထဲဘာမှမရှိပါဘူးရယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံငြင်းနေရင်း ခုလိုသတင်းကြားရသည့်အခါကျ ဘယ်အတွက်ကြောင့် ရင်ထဲတွေနာနေရသလဲ ကိုယ်နားမလည်။

တကယ်ဆို ကိုယ်ကခုနစ်နှစ်တောင်ပိုကြီးတဲ့အမျိုးသမီး။သူကအခုမှဆယ်ကျော်သက်အရွယ်။သူနဲ့ရွယ်တူကို သူကြိုက်တာ မမှားဘူးလေ။ကိုယ့်ကိုဂရုစိုက်ပေးနေတယ်ဆိုတာလည်း......။

''. ......''

ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်း တွေးရင်းနဲ့ပင် ကိုယ်ငိုချမိတော့သည်။မြတ်ကို ဘယ်သူ့ဆီမှမပေးလိုက်ချင်တဲ့စိတ်၊ကိုယ်တစ်ယောက်တည်းပိုင်ချင်တဲ့စိတ်နဲ့ ကိုယ်တကယ်ကို ရူးချင်လာသည်။

မြတ် (မြတ် )Место, где живут истории. Откройте их для себя