Zawgyi
''Happy Birthday အစစအရာရာအဆင်ပြေပါစေ''
သန်းခေါင်ကျော်အချိန်မှာရောက်ရှိလာတဲ့စာတိုလေးဟာ ကိုယ့်မွေးနေ့အတွက် ပြည့်စုံခြင်းသာ။အဆက်အသွယ်လုံးဝမလုပ်ဘဲနေခဲ့ကြပေမဲ့ ကိုယ့်မွေးနေ့ကိုတော့ မမေ့မလျော့ ဆုတောင်းပေးဆဲ။ကိုယ်ကတော့ ကျေးဇူးတင်ကြောင်းသာ တုံ့ပြန်ဖြစ်ခဲ့သည်။ပြန်လိုက်မည့်စာကြောင်းတွေနဲ့ထပ်တူရှည်ကြာသွားနိုင်တဲ့ခံစားချက်တွေကို သူမသိအောင်ဖုံးကွယ်ထားချင်သည်။ကိုယ်သူ့ကိုသတိရနေသေးကြောင်း၊ကိုယ် လက်မထပ်ဖြစ်ကြောင်း စသဖြင့်အကြောင်းအရာပေါင်းမြောက်များစွာကို ပြောပြမိမှာ ကိုယ်စိုးသည်။ထားလိုက်ပါတော့။ဒီနေ့ ကိုယ့်အိမ်ကို မိုးနွယ်ရောက်ချလာသည်။ကိစ္စအထွေအထူးတော့မဟုတ်။သူ့ကလေးအတွက် အဝတ်အစားနဲ့ဆေးပစ္စည်းတွေလာဝယ်ရင်း မရောက်တာကြာသည့်ကိုယ့်အိမ်မှာလာအိပ်ခြင်းဖြစ်သည်။
''မြတ်ရော...အဆင်ပြေရဲ့လား''
''ပြေပါတယ် နင့်ဟာလေးက၊ဘာမှလည်းရေရေရာရာမရှိဘူးအေ။ဘာမေးမေးလည်း အင်းမလုပ်အဲမလုပ်''
မြတ်က ထိုသို့သာနေတတ်သည်မဟုတ်လား။
''သူ့ကောင်မလေးနဲ့ရော...''
အဆင်ပြေစေချင်သည်။အနည်းဆုံးတော့ သူ့ဘဝကိုသေချာလေး လျှောက်လှမ်းစေချင်သည်။
''မသိပါဘူး။သူ့ကိုငါကဟိုရက်ကပြောတာ။အလုပ်လုပ်ရင်းပိုက်ဆံစု၊လျှောက်သုံးမနေနဲ့။နင်လည်းအိမ်ထောင်ပြုရဦးမှာလို့ပြောတာကို မယူဘူးတဲ့တော်ရေ၊သူလည်း ကိုယ့်မယူဘူး။ကိုယ့်ကလည်း သူမယူဘူးတဲ့ အေးရော''
''ဟယ်...ဘယ်လိုတုန်းမိုးနွယ်ရယ်။နင့်ကိုသက်သက်ပြောတာနေမှာပါ''
''သိမေနဘူး နင့်အကောင်အကြောင်းကို။ဒါပေမဲ့သူတို့ချင်း တည့်လိုက်ရန်ဖြစ်လိုက်ဖြစ်နေတာကတော့အခါတစ်ရာမက။ဒီမှာကြည့်..''
မိုးနွယ်ပြလာသည်က ဖုန်းမျက်နှာပြင်က mydayတစ်ခု၊တင်ထားသူက မြတ်ရဲ့လက်ရှိကောင်မလေး။
''မြင်လား အဆဲလေးနဲ့။အဲ့လိုဆို ငမြတ်နဲ့ ရန်ဖြစ်ထားလို့။သူစိတ်ဆိုးပြီဆို ဟိုကလည်းဖုန်းမခေါ်တော့ဘူးလေ။အဲ့တော့ပိုတင်းတယ်နေမှာပေါ့''

VOCÊ ESTÁ LENDO
မြတ် (မွတျ )
Romanceစစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဲ့အေးချမ်းတဲ့ပုံရိပ်အချို့ကို လက်တွေ့ဘဝရဲ့ အဖြစ်အပျက်အချို့အပေါ်အခြေတည်ပြီးရေးဖွဲ့ထားပါတယ်။အပြင်မှာတကယ်ရှိတဲ့ဇာတ်ကောင်လေးတွေမို့ သူတို့ပျော်ခဲ့သလား ၊ဝမ်းနည်းခဲ့ကြသလားဆိုတာကို အတူတူခံစားကြည့်ကြရအောင်။အကြောင်းအရာတိုက်ဆိုင်တာ၊အမ...