Zawgyi
အကြီးကလေးကတစ်ဖက်နှင့်နောက်ထပ်ကိုယ်ဝန်ပါလွယ်ထားရချိန်မို့ မိုးနွယ်တစ်ယောက် မိဘအိမ်ပေါ်ပြန်ရောက်လာသည်။တစ်ဖက်မိဘနဲ့လည်း သင့်မြတ်အောင် မနေနိုင်ဘူးထင်ပါရဲ့။ဒီတော့ မြတ်တစ်ယောက် လွတ်လပ်ရေးရပြီးရန်ကုန်ကိုပြောင်းလာခွင့်ရသည်။အလုပ်ပြန်ရဖို့တော့ အနည်းငယ်ခက်ခဲလိုက်သေး၏။သို့သော်လည်း အရင်လို တစ်နယ်စီမဟုတ်ဘဲ တစ်မိုးအောက်တည်းမှာဆိုသည့်အသိစိတ်နဲ့တင် ကိုယ့်မှာပျော်မဆုံး။
လာပြန်လည်ဦးလေဆိုသော မိုးနွယ်စကားကြောင့် မလာနိုင်သေးကြောင်းသာ ကိုယ်အကြောင်းပြန်လိုက်သည်။နယ်ကိုပြန်ပြီး မြတ်နဲ့အတူရှိနေဖူးသော လောင်းရိပ်အောက်တွင် ကိုယ်ပြန်မတိုးဝင်လိုပေ။ခုတောင် လုံးလုံးလျားလျားအဆင်ပြေနေသည်မဟုတ်။ယောင်းမနဲ့အဆင်ပြေသလားရယ်လို့ ကိုယ်စမိတော့ 'အမလေးဟယ်'အစချီလျက် ပြောသွားသည်များ စုံစုံကိုစိလို့။
''ခုခေတ်မိန်းကလေးတွေက ဒါမျိုးလားမသိပါဘူးအေ။စိတ်ကောက်တာကောက်တာ။နောက် အငယ်ကောင်က ညဘက်အလုပ်ဆင်းထားလို့ မနက်ကျအိပ်ပျော်နေလည်း နည်းပါးနားမလည်ဘူး တစ်ချိန်လုံးဖုန်းခေါ်နေတာ။ငါကကိုင်ပြီး ညကအလုပ်ဆင်းထားတယ်ပြောနေရင် သူသိရမှာမဟုတ်ဘူးလား။မကိုင်မချင်းဟယ်။အဲ့တော့ကလေးက အိပ်ရေးတွေပျက်။မကိုင်မိရင်လည်းပြသနာကတက်။တစ်ခါတလေကျ အော်ထုတ်ပစ်လိုက်ချင်တာ''
ကလေးတွေမို့လို့လည်း ဖြစ်ချင်တာသာသိကြသည်ထင်ပါရဲ့။မြတ်က အဆင်မပြေဘူးတစ်ခုသာကိုယ့်ကိုပြောပြခဲ့ပေမဲ့ မိုးနွယ်ပြောပြသလောက်တော့ ဘာဆိုဘာမှမဟခဲ့ပေ။မိုးနွယ်မြင်ခဲ့သလောက်အကြောင်းအရာတောင် နာရီဝက်နီးပါးလောက် ကိုယ်နားထောင်လိုက်ရ၏။
''morning. ..အာဂျီမား''
နေ့လည်၁၁လောက်ဖြစ်နေချိန်မှ ဝင်လာသောစာတိုလေး။ဟိုရက်ကတွေ့ပြီးနောက်ပိုင်း သေချာစကားမပြောဖြစ်သည့်တိုင် စာတိုလေးတွေတော့ စိတ်ရရင်ရသလို ပို့ပေးတတ်သည်။
''နေ့လည်တောင်ရောက်နေပြီလေ..ခုမှနိုးတာလား''
''အင်း..ညကဂျူတီ''

YOU ARE READING
မြတ် (မွတျ )
Romanceစစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဲ့အေးချမ်းတဲ့ပုံရိပ်အချို့ကို လက်တွေ့ဘဝရဲ့ အဖြစ်အပျက်အချို့အပေါ်အခြေတည်ပြီးရေးဖွဲ့ထားပါတယ်။အပြင်မှာတကယ်ရှိတဲ့ဇာတ်ကောင်လေးတွေမို့ သူတို့ပျော်ခဲ့သလား ၊ဝမ်းနည်းခဲ့ကြသလားဆိုတာကို အတူတူခံစားကြည့်ကြရအောင်။အကြောင်းအရာတိုက်ဆိုင်တာ၊အမ...