Ep...12(Z & U)

420 31 10
                                    

Zawgyi

မြတ် တက္ကသိုလ်တက်ဖို့အတွက်ကို ကိုယ်သာလိုက်အပ်ပေးခဲ့ပြီး လိုအပ်သည့်အချက်အလက်မှန်သမျှက ဘယ်အချိန်ထမေးမေးကိုယ်အလွတ်ရသည်။မြတ်ဆီကနေ လမ်းခွဲစကား ကြားထားရဖူးတော့နောက်တစ်ကြိမ်ထပ်ကြားရမှာမျိုး ကိုယ်တွေးပူသည်။ဒါကြောင့်သာပဲ ကျောင်းကိစ္စနှင့်ပတ်သက်၍ သူ့မိသားစုကိုမကျေနပ်တောင် ကိုယ်မပြောဖြစ်တော့။ပြောလို့လည်း ကြားထဲကနေ မြတ်စိတ်ဆင်းရဲရုံသာရှိမှာ ကိုယ်အသိဆုံးပါလေ။

''ဒီနှစ်တော့ ပြောင်းလာခဲ့တော့နော်''

မြတ်ရဲ့အခြေအနေကြောင့် စိတ်တွေရှုပ်ထွေးနေရသည့်အထဲ အိမ်ကရာဇသံကလည်း ကိုယ့်ကို တပူပူတဂျီဂျီပြုလုပ်နေလေသည်။ကိုယ်ကလုပ်အားပေးဆရာမဆိုတော့ တရားဝင်ဆရာမများကဲ့သို့ အပြောင်းအရွေ့တော့မခက်၊မလုပ်လိုတော့ကြောင်းပြောပြီး အထုတ်ပိုက်ကာ ပြန်သွားရုံသာဖြစ်၏။

''နင်...ရန်ကုန်ကိုတော့ ပြန်လာသင့်တယ်ထင်တယ်။နင်နဲ့ငါ့ကိစ္စက ငါတစ်ယောက်တည်းဖြေရှင်းနေတာနဲ့မပြီးဘူးလေ။ဆရာမအလုပ်ကိုခဏရပ်ပြီး ပြန်လာလိုက်ဦးဟာ။သူတို့အမြင်ကြည်အောင်နေပြပြီး လိုက်လျောလာအောင် ပြောကြည့်ကြတာပေါ့''

ကိုယ့်အိမ်က အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အတင်းအကျပ်ပြုလုပ်တာမျိုးမရှိလေတော့ သေချာပြောပြရင် သဘောတူလောက်မည် ထင်ရဲ့။

''ငါ...ရန်ကုန် ခဏပြန်ဦးမယ် မြတ်''

''အလုပ်ပါနားပြီးအပြီးပြန်တာမဟုတ်လား''

''ငါ ပြန်လာမှာပါ။နင်သာ ငါ့ကို ယုံကြည်ပြီးစောင့်နေပေးနော်။''

''အင်းပါ...''

ကိုယ့်ကို ပြန်ဖြေနေသော်လည်း မြတ်ရဲ့အကြည့်တွေက ကိုယ့်ဖုန်းမျက်နှာပြင်မှာဖြစ်သည်။ကိုယ့်ဖုန်းကို passwordချထားပေမဲ့ မြတ်ကတော့ အလုံးစုံသိနေသူမို့ သူ သုံးချင်သည့်အခါတိုင်း ကိုယ့်ဖုန်းကိုဖွင့်နေကျ။ခုလည်း ဟိုနှိပ်ဒီနှိပ်နဲ့ ဘာတွေလုပ်နေတယ်တော့မသိ။

''ကိုယ် နူတ်ဆက်ရတာကိုမုန်းတယ်။ဘယ်တော့မှ ကိုယ့်ကိုမနူတ်ဆက်ပါနဲ့''

မြတ် (မြတ် )Where stories live. Discover now