Ep...26(Z & U)

661 27 4
                                    

Zawgyi

ဒီနေ့တော့ ကျောင်းပိတ်ရက်မို့ ကိုယ် အိပ်ရာမှမထသေးဘဲ အပျင်းတစ်နေမိသည်။မိုးကလည်း တဖွဲဖွဲရွာနေလေတော့ အေအးက သိသိသာသာကို လွန်ကဲနေ၏။ဘေးကို ကြည့်တော့ မြတ်ကရှိမနေ။ကိုယ့်ရင်ခွင်ထဲမှာတော့ မြတ်အုံးသည့်ခေါင်းအုံးလေးက နေသားတကျ။ဒါကလည်း ကိုယ့်ထက်အရင်စောထတိုင်း မြတ်လုပ်ပေးတတ်သည့် အကျင့်တစ်ခု။ကိုယ့်ဘေးကနေ မြတ်ထသွားပြီဆိုတာနဲ့ တလှုပ်လှုပ်ဖြစ်တတ်သည့် ကိုယ့်ကြောင့် သူအိပ်ရာထပြီဆို သူအုံးသည့်ခေါင်းအုံးလေးကို ကိုယ့်ရင်ခွင်ထဲ ထည့်ပေးခဲ့ခြင်းပင်။

နာရီကိုကြည့်တော့ ၉နာရီထိုးလုလု။မြတ်တစ်ယောက်ဘာတွေလုပ်နေပါလိမ့်။ကိုယ် အိပ်ရာကနေ လူးလဲထလိုက်ပြီး လေးပင်လွန်းသည့်ဂွမ်းစောင်ကို အပုံလိုက်သာ ထားခဲ့လိုက်သည်။၊အအေးကြောက်တယ်ဆိုတိုင်း ဒီလောက်လေးတာကြီး ဝယ်စရာလားလို့။ခုတော့ ကိုယ်မှ,မနိုင်တော့ မြတ်ပဲ အခေါက်အသိမ်းတာဝန်ကျတော့သည်။အခန်းအပြင်ထွက်တာနဲ့ အေအးဓာတ္က သိသိသာသာစိမ့်ဝင်နေပြီး မျက်နှာသစ်ဖို့ပင် ကိုယ်စိတ်မပါသေးပေ။

အိပ်ရာထပြီဆို ကိုယ်ဦးစွာလုပ်သည့်အလုပ်က မြတ်ကိုရှာခြင်းပင်။အိမ်ရှေ့ခန်းမှာလည်း မြတ်ကိုမတွေ့။ခြံထဲမှာလည်း ရှိမနေ။နောက်မှ နှာခေါင်းထဲ ခပ်သင်းသင်းအနံ့ဝင်လာသည်မို့ ကိုယ့်ခြေလှမ်းတွေကို မီးဖိုချောင်ဘက်သို့ ခြေလှည့်လိုက်သည်။မီးဖိုခန်းရဲ့ တစ်နေရာမှာ Apron အပြာလေးကို ဝတ်ထားပြီး အလုပ်များနေသော မြတ်။လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက  ကိုယ်မြတ်နိုးခဲ့သည့်ကျောပြင်၊ကိုယ်သဘောကျခဲ့သည့် လက်ဖျံတစ်လျှောက် ထင်းထွက်နေသော သွေးကြောများ။ပိုင်နိုင်လှသော ခြေဖဝါး,လက်ဖဝါးကျယ်ကျယ်တို့ကလည်း မြတ်ရဲ့အရပ်အမောင်း၊မြတ်ရဲ့ ကိုယ်ထည်ဖြင့် လိုက်ဖက်လို့နေသည်။

နောက်ဘက်ကနေ ခါးကို သိုင်းဖက်ပြီး ကျောပြင်ကျယ်မှာ မျက်နှာအပ်လိုက်သည့် တခဏ ကိုယ့်ခန္ဓာကိုယ်သွေးကြောတစ်လျှောက်လုံး နွေးထွေးသွားသလိုပင်။ဘာလို့ရယ်မသိ။မြတ် တစ်ယောက် ကျောပေးထားပြီဆို အခုလိုလေးနေလိုက်ရမှကို ကိုယ်စိတ်ချမ်းသာသည်၊မြတ်ကလည်း ဟိုအရင်းကတည်းက ကိုယ်ဘယ်လိုနေနေ စိတ်ရှုပ်သည့်အမူအရာမျိုး မဖော်ပြခဲ့။

မြတ် (မြတ် )Where stories live. Discover now