Ep....7(Z & U)

537 38 14
                                    

Zawgyi

မြတ် ပြန်လာနေသွားသည့်သုံးရက်ဟာ ကိုယ့်အတွက်တော့ စိတ်ချမ်းသာစရာပင်။။မိုးလင်းကမိုးချုပ်ဆိုသလို ကိုယ့်အနားမှာသာ အကြောင်းအရာအမျိုးဖြင့်နေရင်း အချိန်ဖြုန်းသွားခဲ့သည်။ညဘက်တွေမှာဆိုလည်း ကိုယ့်လက်ကလေးကိုင်ထားရင်း စာကျက်ရခြင်းကို သူ ​တော်တော်ကိုသဘောခွေ့နေ၏။

''နောက်ရက်တော့ လွမ်းနေတော့မှာ''

''ဒီတစ်နှစ်လေးပဲလေ။ခုဆို တစ်နှစ်တောင်မကျန်တော့ပါဘူး''

ကိုယ့်လက်ချောင်းလေးများကို မညာအောင်ဖျစ်ညှစ်နေရင်း ညည်းညည်းညူညူလေးပြောလာသည့်မြတ်ကို ပြေရာပြေကြောင်းပြောလိုက်သော်လည်း ကိုယ့်စိတ်ထဲကောင်းမနေတာတော့အမှန်။ကိုယ်လည်းပဲ လွမ်းနေရတော့မှာ။

''ရာသီဥတုကအေးလာမှာ။ခြေဖျားလက်ဖျားတွေအေးနေရင် လုပ်ပေးမဲ့ ကိုယ်မရှိဘူးနော်။နွေးနွေးထွေးထွေးနေသိလား''

ကိုယ့်လက်လေးတွေခြေထောက်လေးတွေဟာလေ မြတ်ရဲ့လက်နှစ်ဖက်ကြားထဲများ ရောက်နေချိန်ဆို သိပ်ကိုနွေးထွေးနေ၏။

''ပြီးတော့အရေးကြီးတာ...''

''ဘာလဲ..''

''ကိုယ့်မှာ ဒီတစ်ယောက်တည်းပဲရှိတာ။တခြားဘယ်သူမှမရှိဘူးဆိုတာမှတ်ထားပေး။တွေးချင်ရာတွေးပြီး မငိုနဲ့။ကလေးမ ငိုရင် နှာစေးတာထက်အကြောင်းဆိုးလို့ ကိုယ်စိတ်ပူတယ်''

''အင်း...သတင်းမထွက်အောင် အနေအထိုင်ဆင်ခြင်လေ''

''ဟော..ပြောနေရင်းနဲ့ကို ကြည့်''

''မသိဘူး''

''ဟုတ်ပြီ...ဟုတ်ပြီ။ကိုယ်ပိုပြီးဆင်ခြင်မယ်''

စိတ်မပူနဲ့ပြောလည်းပဲ ကိုယ်ကအသက်ကြီးသူမို့ စိတ်ပူတာကပူတာပင်။ရွယ်တူတန်းတူနဲ့ယှဉ်ရင် ကိုယ်က အရှုံးဘက်ကချည်း မဟုတ်လား။

#

ကျောင်းရဲ့စီမံချက်တစ်ခုဖြင့် ကိုယ်တို့ဆရာမတွေ ရွာထဲကွင်းထဲဆင်းကာ ကလေးအိမ်တွေအထိ မှတ်တမ်းယူကြရသည်။အထူးသဖြင့် နှစ်ဝက်လောက်ဆို ကျောင်းမလာတော့သော ကလေးများကို ဦးစားပေးအနေဖြင့် ကိုယ်တို့ လိုက်ကြရ၏။မကြာခင်မှာ ဒုတိယနှစ်ဝက်ကဖြေကြားရတော့မှာမဟုတ်လား။ဆရာမတွေအသီးသီးဂျူတီခွဲလိုက်တော့ ကိုယ်က ကွင်းထဲဘက်ကို တာဝန်ကျသည်။

မြတ် (မြတ် )Where stories live. Discover now