Zawgyi
''ဘာလို့ ရန်ကုန်မှာသွားတက်မှာလဲ။မင်းဆရာမတောင် ဒီမှာလာတက်တာပဲကို''
''အေးလေ...ဒီမှာပဲ အိုးမကွာအိမ်မကွာနေစမ်းပါ သားလေးရယ်''
မြတ်ရဲ့အဖေနဲ့အမေက မြတ်ကို ရန်ကုန်မသွားရေးစီမံချက်ရေးဆွဲထားပြီး ဘယ်လိုပြောပြောကိုခွင့်မပြုပေ။နယ်မှာနေသားကျလာသည့်မြတ်အတွက် အဝေးပို့ရမှာကိုလည်းစိတ်ပူဟန်ရှိ၏။နဂိုကမှ မိဘစကားဆို ဖယ်ရှားလေ့မရှိသော မြတ်တစ်ယောက် မျက်နှာလေးငယ်နေရုံမှတစ်ပါး နူတ်ဆိတ်လို့သာနေလေသည်။
''မြတ်..''
''အင်း...''
''စိတ်မကောင်းဖြစ်နေတာလား''
ကိုယ့်အမေးကို ပြန်မဖြေဘဲ ဒူးခေါင်းပေါ်ကိုသာ ခေါင်းတင်ထားရင်း ငြိမ်သက်နေ၏။
''ဒီမှာတက်ရလဲ ဘာဖြစ်လဲ။ငါက ရှိနေတာပဲလေ။''
''ကိုယ် ဘာမှမဆုံးဖြတ်တတ်တော့ဘူး။ကိုယ်တောင်းပန်ပါတယ်။နောက်မှပြောကြစို့နော်''
မြတ်စိတ်ထဲဘာတွေဖြစ်နေမလဲကိုယ်သိသည်။စိတ်မကောင်းဖြစ်မိပါသော်လည်း ကိုယ်ဘာမှကူမပေးနိုင်ခဲ့။တကယ်လို့ မြတ်သာကိုယ့်မောင်လေးဆိုလျှင် အရှေ့ကနေရပ်လို့ သူ့ဆန္ဒလေးကို ဖြည့်ဆည်းပေးမိမှာအမှန်၊ဒီကလေးရဲ့ဘဝမှာ လိုချင်မက်မောမှုဆိုတာမျိုးရှိခဲ့ရင်တောင် မိဘတွေအကိုအစ်မတွေကိုငဲ့ပြီး ဘယ်သောအခါမှတောင်းဆိုခဲ့ဖူးသူမဟုတ်ဘူးလေ။
''မြတ်ဘေးမှာ ငါအမြဲရှိနေမှာနော်''
''အင်း..ကျေးဇူးတင်ပါတယ်''
ထိုညက မြတ် အစောကြီးအိပ်ရာဝင်သွားခဲ့သည်။အရင်လို ကိုယ့်ကိုတောင် တီတီတာတာစကားမျိုး မဟတော့ဘဲ ပုံမှန်ထက်ကိုတည်ငြိမ်နေလွန်း၏။
#
''အကို...''
ရေစည်ဘေးမှာ ဖုန်းထိုင်သုံးနေသည့်အကို့နား ကိုယ်လျှောက်သွားလိုက်ပြီး ခပ်လှမ်းလှမ်းမှာအသာဝင်ထိုင်လိုက်သည်။
''အင်း..ပြောလေ''
''ဟို...မြတ်ကို ရန်ကုန်မှာတက်ခိုင်းလိုက်ပါလား အကိုရယ်။''

ВЫ ЧИТАЕТЕ
မြတ် (မွတျ )
Любовные романыစစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဲ့အေးချမ်းတဲ့ပုံရိပ်အချို့ကို လက်တွေ့ဘဝရဲ့ အဖြစ်အပျက်အချို့အပေါ်အခြေတည်ပြီးရေးဖွဲ့ထားပါတယ်။အပြင်မှာတကယ်ရှိတဲ့ဇာတ်ကောင်လေးတွေမို့ သူတို့ပျော်ခဲ့သလား ၊ဝမ်းနည်းခဲ့ကြသလားဆိုတာကို အတူတူခံစားကြည့်ကြရအောင်။အကြောင်းအရာတိုက်ဆိုင်တာ၊အမ...