Ep.2(Z & U)

1K 40 11
                                    

Zawgyi

''ဖလူး....''

ထမင်းစားပြီး အာလုတ်ကျင်းဖို့ ရေငုံထားသည့်အခိုက် မြတ်ပြောလိုက်သည့်ဟာသကြောင့် ကိုယ့်ပါးစပ်ထဲမှ ရေများ လှေကားပေါ်တက်ဟန်ပြင်နေသော မြတ် မျက်နှာထက် ထွေးချမိသလိုဖြစ်သွားတော့သည်။

''ဟယ်...မြတ်ရယ် ။sorryပါဟယ် တကယ်sorryပါ။''

ရေချည်းသက်သက်ဆို ပြသနာမရှိသော်လည်း ထမင်းစားပြီးကာစ အာလုတ်ကျင်းထားသည့်ရေများမို့ ကိုယ်တကယ်ကိုအားနာလို့မဆုံးပေ။အခန်းထဲရှိသည့် Tissuesကို အလျင်အမြန်ပြေးယူနေတုန်းမှာပင် မြတ်က နီးစပ်ရာအဝတ်တစ်ခုဖြင့် သူ့မျက်နှာကိုသူ သုတ်ပြီးနေလေပြီ။

''ငါက ရေသောက်နေရင်းတစ်ခုခုဆို မထိန်းထားနိုင်ဘူး  မြတ်ရ။မျက်နှာသွားသစ်လိုက်ပါလားဟယ်''

''ရပါတယ်...ဖြစ်မယ်မှန်းသိရဲ့နဲ့ ပြောမိတာကိုး ခံရမှာပေါ့''

ကိုယ်ကသာ အားနာနေပေမဲ့ မြတ်ကတော့ အပြုံးမပျက်။အိမ်ပေါ်တက်လာပြီး ခြံထဲလွယ်သွားသည့် အိတ်ကိုတိုင်မှာချိတ်သည်။ပြီးမှ ကိုယ့်ဘေးမှာလာဝင်ထိုင်ပြီး...

''ပုံပြင်ပြောမှာမလား။ပြောလေ''

''နားထောင်ချင်လို့လား..''

''အင်းလေ..ဟိုနေ့ကပုံပြင်ကအဆုံးမှမသတ်ဘဲ။ဒီနေ့ဆက်ပြောပြလေ။အောက်တော့မဆင်းတော့နဲ့။ဟိုကလေးတွေကိုအိမ်ပေါ်ခေါ်လိုက်။''

ခြံဝန်းထဲမှာ နေရှိန်နေတာကြောင့် ကိုယ့်ကိုမဆင်းလိုခြင်းဖြစ်သည်။အိမ်အောက်ဆင့်ကလည်း အမိုးနဲ့ကပ်နေလေတော့ ပူတာကပူတာပင်။

''လာ..ဒီနားကို။ကျွန်တော် ယပ်ခတ်ပေးမယ်''

''ငါတော့ နင့်ကြောင့် အတော်ဇိမ်ခံတတ်နေပြီ။နင် တစ်သက်လုံးလုပ်ပေးနိုင်မှာမဟုတ်ဘဲနဲ့နော်''

ကိုယ့်စကားကို မြတ်က ပြုံးရုံသာတုံ့ပြန်သည်။လပိုင်းလောက်အတူနေလာရင်း ရင်းနှီးလာသည်နှင့်အမျှ မြတ်ဟာ ဟာသလည်းပြောတတ်သလို စကားနည်းသူမဟုတ်မှန်း ကိုယ်သိလာရသည်။သို့သော်လည်း အမြဲတမ်း စကားများနေတတ်သူတော့မဟုတ်။ကိုယ်နဲ့ဆိုရင် များသောအားဖြင့် မြတ်ကနားထောင်သူအဖြစ်သာ နေပေးတတ်သည်။ဒါကြောင့်သာပဲ အိမ်ကမောင်တွေနဲ့မတည့်သမျှ မြတ်နဲ့ဆို အဆင်ပြေပြေနေနိုင်ခြင်းဖြစ်ပေမည်။

''မင်းသမီးလေးဟာ ရုပ်ဆိုးဆိုးသတ္တဝါကြီးနားမှာနေထိုင်လာရင်းနဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်လာတော့တယ်...''

မြတ် (မြတ် )Onde histórias criam vida. Descubra agora