Zawgyi
သင်္ကြန်ရက်ကို ပြန်ဖို့အရေး အိမ်နဲ့အတော်ကို အတိုက်အခံလုပ်ရသည်။ကိုယ်က သင်္ကြန်လည်တာကို မနှစ်သက်သလို ရေစိုတာကိုလည်းမကြိုက်ပေ။သို့သော်လည်း မြတ်က တစ်နှစ်လောက်တော့သင်္ကြန်ရက်ပြန်လာပါဆိုတော့ ကိုယ်ပြန်ရသည်ပေါ့။ကိုယ်ရောက်သွားတော့ မြတ်ကရှိမနေ။
''ဟိုကလေးဘယ်သွားလဲ အကို''
''မသိဘူး။သူ့ဘော်ဒါတွေလာခေါ်လို့ပါသွားတာပဲ''
ညီအစ်ကိုအရင်းအခြာတွေဖြစ်သော်လည်း အကိုက အိမ်ကပ်သလောက် မြတ်ကတော့သူများလာခေါ်သည်နှင့်ပါသွားတတ်သည်။
''နင်ကနော်။ငါ့တော့မေးဖော်မရဘူး။ရောက်တာနဲ့သူ့ကလေးပဲ''
အိမ်ထဲကနေထွက်လာသော မိုးနွယ်က ကိုယ့်ကိုဆီးကာရန်တွေ့သည်။ကျောင်းပိတ်ထားချိန်မို့ မိုးနွယ်လည်းရှိနေမှာကို ကိုယ်မေ့သွားခဲ့တာပင်။
''ခုပဲမေးတော့မလို့ပါအေ။ဒီမှာ နင်မှာလိုက်တဲ့ဇာတ်လမ်းတွဲအခွေတွေပါတယ်။လာယူလှည့်''
''အေးအေး...ကောင်းတယ်၊ငါလဲ ပိတ်ရက်ပျင်းနေတာနဲ့''
မိုးနွယ်ဆီ အထုတ်တွေလက်လွှဲလိုက်ပြီး အခန်းထဲဝင်လို့ ကုတင်ပေါ်တက်လှဲလိုက်သည်။ဒီနေ့ကားက ဘယ်လိုမောင်းလို့မောင်းမှန်းမသိဘဲ ကိုယ်အတော်ပင်ချာချာလည်နေ၏၊
''ကားမူးလာတာလား''
''အင်း..ခဏလှဲလိုက်ဦးမယ်။အန်တီတို့ဦးတို့အတွက်လဲ မုန့်တွေပါတယ်။နင်ပဲထုတ်လိုက်တော့နော်''
နှစ်ပေါင်းများစွာကားစီးလာသော်လည်း ကိုယ်ရဲ့မူးကျင့်ကပျောက်မသွားပေ။တစ်လမ်းလုံးလည်း အန်လာခဲ့ရပြီး လူကအန်ဖက်စော်ကိုသင်းလို့။
''ချစ်သူ့အနား...ချစ်သူ့အနားမှာ အမြဲတမ်းရှိခွင့်ရရင်..ဘာမှထပ်ငါမတောင့်တတော့ပါ။အားလုံးပြည့်စုံ ငါ့ရဲ့နေ့ညများ..ဘာမဆိုရင်ဆိုင်ရဲ''
အသံကြားရုံနဲ့ မြတ်ပြန်လာပြီဖြစ်ကြောင်း ကိုယ်သိလိုက်လေပြီ။ဘန်နီဖြိုးရဲ့ထွက်သမျှသီချင်းမှန်သမျှက မြတ်အတွက်များလားလို့ ထင်ရလောက်အောင်ပင် သူအကုန်နီးပါးရ၏။

YOU ARE READING
မြတ် (မွတျ )
Romanceစစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဲ့အေးချမ်းတဲ့ပုံရိပ်အချို့ကို လက်တွေ့ဘဝရဲ့ အဖြစ်အပျက်အချို့အပေါ်အခြေတည်ပြီးရေးဖွဲ့ထားပါတယ်။အပြင်မှာတကယ်ရှိတဲ့ဇာတ်ကောင်လေးတွေမို့ သူတို့ပျော်ခဲ့သလား ၊ဝမ်းနည်းခဲ့ကြသလားဆိုတာကို အတူတူခံစားကြည့်ကြရအောင်။အကြောင်းအရာတိုက်ဆိုင်တာ၊အမ...