At least, you loved me
Part 1*ဦး*
လေ့ကျင့်ခန်းစာအုပ်အနောက်ဖုံးမှာ ရေးထားမိတဲ့ စာလုံးလေးကို လက်ညှိုးနဲ့ထိကြည့်ပြီး ဂျောင်ဆူးက အသည်းပုံနှုတ်ခမ်းလေး ပေါ်လွင်အောင်ပြုံးလိုက်သည်။ စာကြည့်စားပွဲဘေး အခန်းပြတင်းပေါက်ကနေ ပြင်ပရှုခင်းကိုငေးကြည့်တော့ နေရောင်ခြည်နုနုနဲ့ လှပသောနွေဦးရာသီကို မြင်နေရသည်။ အရွက်ကြွေတစ်ချို့ လမ်းပေါ်မှာပြန့်ကျဲနေပြီး နွေရာသီဖက်ရှင်နဲ့ အပြိုင်အဆိုင်လှနေကြသော လမ်းသွားလမ်းလာများကို လိုက်ငေးရင်း စိတ်ကြည်နူးမှုကိုခံစားနေမိသည်။
ဂျောင်ဆူးကိုယ်တိုင်က အရာရာကိုချစ်တတ် သဘောကျတတ်ပြီး အကောင်းမြင်စိတ်များလို့ပဲလား၊ နှလုံးသားကတစ်စုံတစ်ရာကြောင့် ခပ်ငြိမ့်ငြိမ့်လေး ခုန်နေမိလို့ပဲလား ဒီနေ့ ဒီအချိန် ဒီခံစားချက်လေးက တန်ဖိုးမဖြတ်နိုင်အောင်ကို ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှသည်။ လက်နှစ်ဖက်ကိုဆန့်ကာ အညောင်းဖြေလိုက်ပြီး စာပြန်လုပ်ဖို့ စာအုပ်ယူလိုက်စဉ် ဖုန်းမျက်နှာပြင်လေးလင်းသွားပြီး ချစ်စရာနာမ်စားလေးတစ်ခုပေါ်လာသည်။
"ဦး"
အဆောတလျင် ဖုန်းထူးလိုက်သည့် သူ့အသံလေးက တစ်ဖက်ကို စူးဝင်သွားမှာသေချာပါသည်။ ဦးဆီက ခပ်တိုးတိုးရယ်သံကိုကြားရသည်။ ဦးနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတိုင်းကို ဦးက သဘောတကျရယ်မောတတ်သည်ပဲ။
"ဘာလုပ်နေလဲ ငယ်"
"ကျွန်တော် စာကြည့်နေတာ"
"ကိုယ်ငယ့်ကိုတွေ့ချင်လို့ ကော်ဖီဆိုင်မှာရောက်နေတယ်"
"ဟာ ဦးကလည်း ကြိုမပြောဘူး
ကျွန်တော်အခုလာခဲ့မယ် ခဏလေးစောင့်နော်"ဖုန်းချပြီးတာနဲ့ ဝတ်ထားသည့်တီရှပ်အဖြူလေးပေါ် ရှပ်အပြာကွက်လေးထပ်ဝတ်လိုက်သည်။ အိမ်နေရင်း ဂျင်းဘောင်းဘီဒူးလောက်လေးကိုတော့ လဲမဝတ်တော့ဘဲ ရှူးဖိနပ်အဖြူလေးကိုစီးလိုက်သည်။
"ဘယ်လဲ ငယ်လေး"
"ကော်ဖီဆိုင်ကို မမ"
"စာကြည့်နေရင်း ရုတ်တရက်ကြီး ဘာလို့ကော်ဖီဆိုင်သွားတာလဲ
ငယ်လေးစားချင်တယ်ဆိုလို့ ကြက်ဥလိပ်နဲ့ နွားနို့လုပ်ထားတာကို"
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)