Part 8

479 73 6
                                    

At least, you loved me
Part 8

ကျွန်တော် ပြန်လည်ခြေမချလိုသည့်ပတ်ဝန်းကျင်ကို ပြန်လာနိုင်ဖို့ အချိန် ၅ နှစ်ယူခဲ့ရသည်။ ကိုယ့်စိတ်ကို ပြင်ဆင်နေရင်း ကလေး အရွယ်ရောက်သည့်အချိန်ကို စောင့်နေသည်ဟုလည်း ပြောလို့ရပါသည်။ ဒီအချိန်ဆို ကောင်လေးက ၁၆ နှစ်လောက်ရှိရောပေါ့။ အချိန်တန်ပြီလို့ယူဆသည့်နေ့က ရပ်ကွက်ထိပ်ရှိ ကော်ဖီဆိုင်လေးမှာထိုင်ရင်း ကျွန်တော် ရပ်ကွက်ထဲဝင်ကြည့်ဖို့ အားယူနေမိသည်။ ကျွန်တော်လုံးဝပြန်မရောက်သည့် ၅ နှစ် အတောအတွင်း ဒီဘက်မှာ စားသောက်ဆိုင်လေးတွေ တိုးလာတာကလွဲလို့ တခြားဘာမှတော့ မပြောင်းလဲ။

ကော်ဖီတစ်ခွက်မှာပြီး မှန်ချပ်ဆီကနေ အပြင်ကိုငေးနေရင်း မြင်ကွင်းထဲဝင်လာသည့် စက်ဘီးတစ်စီး။ စက်ဘီးပေါ်ကကောင်လေးက လေဟုန်ကို တိုးစီးရတာ သဘောကျသလိုပြုံးရယ်နေသေးသည်။ အခေါက်ခေါက်အခါခါ ဖြတ်စီးနေသော စက်ဘီးလေးက နောက်ဆုံး ဆိုင်ရှေ့မှာထိုးရပ်လိုက်ပြီး စက်ဘီးပိုင်ရှင်လေးက ဆိုင်ထဲကိုဝင်လာသည်။

စက်ဘီးရပ်လိုက်သည့်အချိန်မှစပြီး ဆိုင်ထဲကိုဝင်လာတာ၊ အအေးမှာတာ၊ အအေးဗူးလေးကိုလှမ်းယူပြီး ထိုင်ဖို့နေရာရှာတာတွေကို မျက်တောင်မခတ်ငေးကြည့်မိသည်။ ဘဝတွင် ဒုတိယအကြိမ် လူတစ်ယောက်ကို မျက်တောင်မခတ် ငေးမိခြင်းဖြစ်သည်။

ထိုင်ခုံရှာနေရင်း ကျွန်တော်နဲ့မျက်လုံးချင်းဆုံလာတဲ့ကောင်လေးက ကျွန်တော့်ကို ငေးကြည့်နေပြီး ကျွန်တော်ပြုံးပြမိတော့ လက်ထဲကအအေးခွက်ပါ လွတ်ကျသွားသည်။ ဖြူစင်သည့်မျက်လုံးလေးနှင့်ကောင်လေးက ချစ်စရာကောင်းသည်။ ကျွန်တော်အကြာကြီး ငေးကြည့်နေချင်ပေမဲ့ ငယ်ရွယ်တဲ့ကလေးကို သာမန်ထက်ပိုခံစားဖို့ မသင့်တော်ဘူးဟုတွေးမိသည်။ ပြီးတော့ ကျွန်တော် ဒီကိုလာတဲ့ တကယ့်ရည်ရွယ်ချက်ကို မပျက်စီးချင်။ ဂျောင်ဟွာတို့အိမ်ရှိသည့်နေရာကို ကားနဲ့ဖြတ်မောင်းကြည့်ရင်း ကျွန်တော်အိမ်ပြန်ခဲ့သည်။

🍂

နောက်ရက်တွေ ထိုကော်ဖီဆိုင်သို့ အားတိုင်းသွားချင်နေမိသည်က ဘာတွန်းအားကြောင့်မှန်းမသိ။ စီးပွားရေးအတွက် အကျိုးအမြတ်ရှိသည့်လူများနှင့်သာ စကားပြောလို့သည့် ကျွန်တော်က ၁၆ နှစ်အရွယ်ကောင်လေးနှင့် စကားပြောဖို့ အချိန်ရတိုင်း ကော်ဖီဆိုင်မှာထိုင်တတ်လာသည်။ ကျွန်တော့်အပေါ် သံယောဇဉ်ရှိတဲ့ မျက်လုံးတွေကို မြင်ရတော့ ကျွန်တော်ကျေနပ်မိသလို တွေဝေမိသေးသည်။

At least, you loved meWhere stories live. Discover now