Part 4

464 74 0
                                    

At least, you loved me
Part 4

မကြီးလွန်း မသေးလွန်းတဲ့ အနေတော်ခြံဝင်းလေးထဲမှာ ချန်ယောလ် ကားရပ်လိုက်တော့ ဂျောင်ဆူးက အောက်မဆင်းသေးဘဲ ကားထဲကနေ ခြံကိုစူးစမ်းသလိုကြည့်နေသည်။

"ငယ် ဆင်းလေ"

သူထိုင်နေတဲ့ဘက်က တံခါးကိုဖွင့်ပေးမှ ဟိုကြည့်ဒီကြည့်နဲ့ဆင်းလာတဲ့ ငယ်က အနေခက်နေပုံပေါ်သည်။ ခြံထဲက မီးလုံးဝါဝါလေးတွေ တန်းစီထွန်းထားတဲ့ လှေကားထစ်လေးတွေကိုမြင်တော့ သဘောကျသွားသလို ပြုံးသည်။

"ဦး အိမ်မှာဘယ်သူတွေရှိလဲဟင်"

"ကိုယ်တစ်ယောက်တည်းနေတာ"

"မိဘတွေရော"

"မိဘတွေက သီးသန့်နေကြတာ
တစ်ယောက်တည်းဆိုပေမဲ့ ခြံစောင့်ရော အိမ်အလုပ်လုပ်တဲ့အန်တီရောရှိပါတယ်
လာလေ ငယ်"

လက်ကိုဆွဲပြီးခေါ်မှ နောက်ကနေ တွန့်ဆုတ်ပြီးလိုက်လာတဲ့ကောင်လေးက အိမ်ထဲရောက်တော့ ဟိုသွားဒီသွားနဲ့ စူးစမ်းနေသည်။ ဧည့်ခန်းက နံရံကပ်စင်ပေါ်ရှိ ဓာတ်ပုံမှန်ဘောင်များကိုလည်း တစ်ပုံချင်းလိုက်ကြည့်နေပြန်သည်။

"ဦး"

"ဟင်"

"ဦးပုံတွေက လုပ်ငန်းခွင်ဝင်တဲ့အရွယ်တွေချည်းပဲ
ငယ်တုန်းကပုံနဲ့ ကျောင်းတက်တုန်းကပုံတွေရော မရှိဘူးလား
ကျွန်တော်ကြည့်ချင်လို့"

"မရှိဘူး ငယ်"

"ဘာလို့လဲ ပျောက်ကုန်တာလား
မိဘတွေအိမ်မှာရောရှိလား"

"မုန်းလို့"

"ဗျာ"

ဓာတ်ပုံတွေကိုကြည့်နေရာကနေ ချန်ယောလ်ဘက်လှည့်လာတဲ့ မျက်လုံးလေးက အံ့ဩရိပ်အပြည့်နဲ့ ပါးစပ်လေးကလည်း အဝိုင်းသားလေး ပွင့်ဟနေသေးသည်။

"ငယ်တုန်းက အချိန်တွေကိုမုန်းလို့ ကိုယ်အဲ့ဒီပုံတွေ သိမ်းမထားဘူး ငယ်"

စိတ်မကောင်းသလိုဖြစ်သွားတဲ့ ကောင်လေးက ချန်ယောလ် ထမင်းစားခန်းထဲကိုဝင်တော့ နောက်ကနေ ကပ်လိုက်လာသည်။ ချက်ထားပြီးသား ဟင်းများကို ပြန်နွှေးနေတော့ ခါးနောက်ဆီကနေ လက်သေးသေးလေးနှစ်ဖက်က သိုင်းဖက်လာသည်။

At least, you loved meWhere stories live. Discover now