Part 3

482 77 1
                                    

At least, you loved me
Part 3

"လုပ်ပါ ဂျွန်ရာ ငါမင်းကို မင်းကြိုက်တဲ့ Album တစ်ချပ်ဝယ်ပေးမယ်
ဒီတစ်ခါပဲ ကူညီပါ ဦးကအဲ့နေ့မှ မဟုတ်ရင်မဖြစ်ဘူးတဲ့"

စာမေးပွဲနီးလို့ စာကြည့်နေရမဲ့အချိန်မှာ ဂျောင်ဆူးက သူငယ်ချင်းဆီဖုန်းဆက်ပြီး ဦးစိတ်ကျေနပ်ဖို့ အပူကပ်နေရသည်။ ဂျွန်မြောင် မွေးနေ့လို့အကြောင်းပြပြီး ညစာစားဖို့ မလိုက်နိုင်ကြောင်းငြင်းရမည်။ ဂျွန်မြောင့်ကို အရင် စည်းရုံးပြီး ဘတ်ခ်ဟျွန်းနဲ့ ဂျုံဒယ်ကိုပါ စည်းရုံးရဦးမည်။ အဓိကလူကို လိုချင်တာဝယ်ပေးပြီး ကျန်တဲ့နှစ်ယောက်ကို မုန့်ဝယ်ကျွေးလိုက်ရင် နှုတ်ပိတ်ပြီးသားလည်းဖြစ်မည်၊ အစီအစဉ်လည်း ချောမွေ့မည်ဖြစ်သည်။

"တကယ်နော် ဂျွန်
အဲ့ဒါကြောင့်မင်းကို အရမ်းချစ်ရတာ
ငါ့သူငယ်ချင်းလေးလိုချင်တဲ့ album ကိုယူနော် မနက်ဖြန်လိုက်ဝယ်ပေးမယ်
ဒါပဲနော် ငါစာကြည့်တော့မယ်"

ဖုန်းချလိုက်ပြီးမှ စာကြည့်စားပွဲမှာ အမြန်ထိုင်ရသည်။ ပထမနှစ်ဝက်စာမေးပွဲဆိုတော့ လပတ်တွေထက် စာပိုများပြီး ပိုအရေးကြီးသည်။ ဒီနှစ်ရတဲ့အမှတ်က တက္ကသိုလ်ဝင်ခွင့်အတွက် အထောက်အပံ့ဖြစ်မှာဆိုတော့ စာကိုပိုလုပ်နေရသည်။ ဒုတိယနှစ်ဝက်ပါပြီးရင်တော့ ဂျောင်ဆူးရဲ့အထက်တန်းကျောင်းသားဘဝပြီးဆုံးပြီဖြစ်သည်။

အဲ့ဒီအချိန်ဆို ၁၈ နှစ်လည်းပြည့်ပြီဆိုတော့ ဦးနဲ့လက်ထပ်လို့ရပြီ။ ဦးကလည်း အလုပ်အကိုင်နဲ့ လူကောင်းဆိုတော့ အိမ်ကလည်း သဘောမတူစရာတော့မရှိလောက်ပါ။ ဂျောင်ဆူးက လိမ်လိမ်မာမာနေရင် အိမ်ကလည်း ဂျောင်ဆူးသဘောကိုလိုက်လျောပေးမှာပဲမဟုတ်လား။ အိမ်ကတော့ ဂျောင်ဆူးကို ငယ်သေးတယ်လို့ယူဆလောက်ပေမဲ့ ဦးနဲ့က အသက်ကွာတော့ မြန်မြန်လက်ထပ်လိုက်တာက ပိုအဆင်ပြေမည်။

*Good night ငယ် စာကြည့်ပြီးစောစောအိပ်တော့နော် ချစ်တယ်*

ဖုန်းထဲကိုဝင်လာသော စာလေးကိုကြည့်ပြီး ပြုံးလိုက်သည်။ ဦးကဒီလို စာပို့တာမျိုးကို အချိန်ပေးလုပ်လေ့မရှိပေမဲ့ သူ့အလိုကျနေပေးတဲ့အခါမျိုးဆို ဂျောင်ဆူးသဘောကျ ကလေးဆန်တာမျိုးလေးတွေကို လုပ်ပေးတတ်သည်။

At least, you loved meWhere stories live. Discover now