Part 13

559 75 3
                                    

At least, you loved me
Part 13

ဂျောင်ဆူး စာမေးပွဲနောက်ဆုံးနေ့ဖြစ်သောကြောင့် စိတ်ပေါ့ပါးနေသော်လည်း ကျောင်းနှင့်ခွဲရတော့မည်ဆိုတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်သည်။ စာမေးပွဲပြီးသော်လည်း ဘာမှလုပ်စရာမရှိသောကြောင့် အိမ်ကိုသာ စောစောပြန်နားရန် စိတ်ကူးထားသည်။ ဦးနဲ့အတူတူ တစ်နေရာရာသွားလည်ချင်သော်လည်း ဦးဘက်ကစပြီးပြောလာစေချင်သော်လည်း ဂျောင်ဆူးက မမျှော်လင့်ရဲပါ။ ဦးက ဂျောင်ဆူးကို မုန်းတယ်မဟုတ်လား။ မုန်းနေရတာနဲ့တင် ပင်ပန်းနေတဲ့ဦးကို ထပ်ပြီး မပင်ပန်းစေချင်တော့ပေ။

စာမေးပွဲခန်းထဲကထွက်လာမှ ဘတ်ခ်ဟျွန်းကသူ့အိမ်တွင် မုန့်တူတူစားရင်း ဂိမ်းကစားကြရန်အဖော်စပ်သည်။ အစကတည်းက အားနေတဲ့သူတွေဆိုတော့ အကုန်လုံးက သဘောတူပြီးသားဖြစ်သည်။ အိမ်မှာ တစ်ယောက်တည်းအထီးကျန်စွာ ညစာစားပြီး အိပ်စက်ရသည်ကို မုန်းပါသည်။ ဦးက ပုံမှန် ၉ နာရီလောက်မှ ပြန်ရောက်တတ်သူဆိုတော့ ဘတ်ခ်ဟျွန်းတို့အိမ်မှာ ကြာကြာလေးနေပြီးမှ အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည်။

ကျောင်းဝန်းထဲကနေ ထွက်လာတော့ ဂျောင်ဆူးတို့ကျောင်းက ကျောင်းသားဟောင်း စီနီယာ အစ်ကို ရိဖန်နှင့်တွေ့သည်။ အစ်ကိုရိဖန်က ဂျောင်ဆူးတို့အလယ်တန်းလောက်ကတည်းက ခင်သည့် စီနီယာအစ်ကိုဖြစ်သည်။ အစ်ကိုရိဖန်က ကျောင်းဆင်းချိန်တွေဆို မကြာခဏရောက်လာတတ်ပြီး အပြင်တူတူသွားဖို့ မုန့်စားဖို့ ခေါ်နေကျဖြစ်သည်။ တစ်ခါတလေ အားနာပြီး လိုက်စားဖြစ်ပေမဲ့ ငြင်းလိုက်မိတာက များပါသည်။ ငြင်းရင်တော့ အတင်းမခေါ်ဘဲ စကားစမြည်ပြောကာ ပြန်သွားတတ်သည်။

ဂျောင်ဆူးအပေါ် သာမန်ထက်ပိုသည့်ခံစားချက်ရှိမှန်း သူငယ်ချင်းတွေကရိပ်မိပြီး အောင်သွယ်လုပ်နေကြသေးသည်။ ဂျောင်ဆူးက အစ်ကိုရိဖန်ကို စီနီယာတစ်ယောက်လို တကယ်ခင်ပေမဲ့ အဲ့ဒီထက်တော့ မပိုခဲ့ပါ။ အချစ်ဆိုတာကို စိတ်ကူးတောင်မယဉ်တတ်သေးပေမဲ့ ဦးကိုတော့ မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ အချစ်က ထူးဆန်းသည်ပဲ။

At least, you loved meWhere stories live. Discover now