Part 14

564 80 3
                                    

At least, you loved me
Part 14

မနက် ၁၀ နာရီထိုးနေပြီဖြစ်သည်။ ညကတည်းက ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ကလေးက အခုထိမနိုးလာသေးပေ။ ကိုယ်က ဘာမှမဖြစ်ပေမဲ့ ငယ့်ကို စိတ်ပူသောကြောင့် အလုပ်လည်းမသွားဖြစ်တော့။ အိပ်ရင်းနဲ့ ရှိုက်နေသေးတဲ့ ငယ့်ကို ကြည့်ပြီး ချန်ယောလ် စိတ်မကောင်းဖြစ်ရသည်။ ဒီလောက်အထိ မရည်ရွယ်ခဲ့ပေမဲ့ နီရဲပေါက်ပြဲနေတဲ့ နှုတ်ခမ်းတွေက သူဘယ်လောက်တောင်ကြမ်းတမ်းခဲ့မိသလဲဆိုသည့် သက်သေတွေပင်ဖြစ်သည်။ စောင်ကို ဆွဲဆုပ်ထားသည့် လက်ကလေးတွေကို ဖြေပေးလိုက်တော့ အနည်းငယ်လှုပ်ပြီး မျက်လုံးဖွင့်ကြည့်လာသည်။

ချန်ယောလ်ကို မြင်တာနှင့် ကြောက်လန့်သွားသည့်အရိပ်အယောင်တွေနောက်က ရွံရှာမုန်းတီးတဲ့အကြည့်တွေနှင့် ဖွဖွလေးကိုင်ထားတဲ့လက်ကို ဆတ်ခနဲရုတ်ကာ ကျောခိုင်းသွားသည်။

"ငယ် နေကောင်းရဲ့လား"

တစ်ဖက်စောင်းထားတဲ့ ပခုံးကို ကိုင်မိတော့ ကိုယ်ကို ကျုံကာ ရုန်းနေပြန်သည်။ ငယ်က ကျွန်တော့်ကို အဲ့ဒီလောက်တောင် ရွံသွားခဲ့ပြီ။

"ကိုယ် တောင်းပန်ပါတယ် ငယ်
ဒီလောက်အထိ ကိုယ်တကယ် မရည်ရွယ်ပါဘူး"

ငယ်စောင်းအိပ်နေသည့်ဘက်ခြမ်းက ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ထိုင်ရင်း ငယ့်မျက်နှာကို မြင်ရအောင် ပင့်ယူလိုက်သည်။ မျက်ရည်တွေကြောင့် နီရဲနေသည့်မျက်နှာလေးနှင့် နှုတ်ခမ်းသားများကလည်း တုန်ယင်နေသည်။

"တောင်းပန်ပါတယ် ကလေးငယ်"

"ကျွန်တော်က ဦး ယူထားတဲ့ တရားဝင်ယောက်ျားမို့လို့ ဦး ဒီလိုစိတ်ရှိတိုင်း ပြုမူတယ်လို့ပဲ သဘောထားပါတယ်
ဦး မမှားပါဘူး တောင်းပန်စရာလည်း မလိုဘူး
ဒါပေမဲ့ ကျွန်တော် ဦးဆီက မျှော်လင့်ခဲ့တာ ဒီလို အနိုင်ကျင့်စော်ကားတဲ့ လုပ်ရပ်မျိုးတော့မဟုတ်ဘူး"

"ကိုယ်တောင်းပန်ပါတယ် ငယ်
နောက် ဒီလိုကိစ္စမျိုး လုံးဝထပ်မရှိစေရပါဘူး"

"ဦးကို မြင်ရတာ နာကျင်လို့ ထွက်သွားပေးပါ"

"တောင်းပန်ပါတယ် ငယ်"

At least, you loved meWhere stories live. Discover now