At least, you loved me
Final"ရုံးခွဲအခြေအနေက ဘယ်လိုနေလဲ ချန်ယောလ်"
"အကုန်အခြေကျပြီး အဆင်ပြေနေပါပြီ အဖေ
ဝန်ထမ်းတွေထပ်ခန့်ဖို့လည်း အဆင်သင့်ဖြစ်နေပြီ
နှစ်နှစ်အထက်ရှိတဲ့ဝန်ထမ်းတွေရှိနေပြီဆိုတော့ အသစ်ခန့်လို့ရနေပြီ""လက်ထောက်ကို ဘယ်သူ့ကိုလွှဲမလဲ"
"လက်ထောက်မင်ရော လက်ထောက်ဂျိုရော အဆင်ပြေပါတယ်
ပူးတွဲခန့်ရင်လည်းအဆင်ပြေပါတယ်"အဖေက ခေါင်းတစ်ချက်ငြိမ့်ပြီး ဝန်ထမ်း profile များကိုကြည့်နေသည်။
"ကျောင်းတက်နေတဲ့ကလေးရော အဆင်ပြေရဲ့လား"
"ပြေပါတယ် အဖေ"
"ဘယ်နှနှစ်ကျန်သေးလဲ"
"နှစ်နှစ်နီးပါးကျန်ပါသေးတယ်"
"ပြန်နားတော့လေ မနက်ကမှပြန်ရောက်တာ ပင်ပန်းနေရောပေါ့"
"ဟုတ်ကဲ့ ပြန်လိုက်ပါဦးမယ်
မနက်ဖြန် ရုံးကိုပဲလာခဲ့လိုက်ပါမယ်"အဖေ့ကိုနှုတ်ဆက်ပြီး ဒရိုင်ဘာမောင်းသည့်ကားနှင့်ပင် အိမ်ပြန်ခဲ့သည်။ ငယ်ကျောင်းသွားတက်ပြီး သိပ်မကြာခင်ဘဲ ဂျပန်ရုံးခွဲဖွင့်ဖို့အတွက် ချန်ယောလ် ဂျပန်မှာ သွားနေဖြစ်သည်။ ငယ်မရှိသည့်အိမ်မှာ ငယ့်ကိုလွမ်းနေရတာထက် တခြားနေရာမှာ အလုပ်များနေရတာက ပိုသာပါသေးသည်။
နေ့တိုင်းဖုန်းဆက်မယ်ဆိုတဲ့ ငယ်က ကျောင်းတက်ခါစတုန်းကတော့ ဖုန်းဆက်ခဲ့ပေမဲ့ တစ်နှစ်ပြီးသွားတဲ့နောက် ကျောင်းစာတွေများလွန်းသောကြောင့် ဖုန်းဆက်ဖို့ပင် အနိုင်နိုင်။ စာများနေသော ငယ် အနှောက်အယှက်ဖြစ်မှာစိုးသောကြောင့် ချန်ယောလ် ဘက်ကလည်း ဖုန်းမခေါ်ဖြစ်။ ကျောင်းပိတ်ရက်တွေ ပြန်လာဖို့ နေနေသာသာ အနားယူဖို့ပင်အချိန်မလောက်သောကလေးကိုလည်း ချန်ယောလ် အပြစ်မမြင်ရက်ပါ။ နှစ်နှစ်ကျော်သွားသော အချိန်တွင် ချန်ယောလ် ကယ်လီဖိုးနီးယားကို တစ်ကြိမ်သာ လိုက်သွားတွေ့နိုင်ခဲ့သည်။ ဒီမှာနေတုန်းကလို ကလေးလေးပုံမဟုတ်တော့ဘဲ တိုင်းတစ်ပါးသားတွေကြားမှာ ရင့်ကျက်လာတဲ့ ငယ့်ပုံစံကလည်း တစ်မျိုးကြည့်ကောင်းသည်။ ချန်ယောလ်နဲ့ နှစ်ယောက်တည်းရှိချိန်တွင်တော့ ငယ်က ချွဲချင်နေတုန်းပဲဖြစ်သည်။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)