Part 5

467 72 9
                                    

At least, you loved me
Part 5

*မိဘမဲ့တစ်ယောက်ကိုတော့ သမီးရဲ့အိမ်ထောင်ဖက်အဖြစ်သဘောမတူချင်ဘူး ချန်ယောလ်*

*လူမှာ မျိုးရိုးကအရေးကြီးတယ်မဟုတ်လား*

*ချစ်နေရုံနဲ့ ဘဝတစ်ခုတည်ထောင်ဖို့မလုံလောက်ဘူး ကိုကို
ကိုကိုက ဂျောင်ဟွာရဲ့အချစ်ဦးပါ ဒါပေမဲ့ ဘဝလက်တွဲဖော်အဖြစ်တော့ အစ်ကိုထယ်ဝူးကိုပဲရွေးပါရစေ*

*သူငယ်ချင်းသံယောဇဉ်ကိုအားနာပေမဲ့ ငါအရင်ကတည်းက ဂျောင်ဟွာကိုချစ်တာ မင်းလည်းသိသားပဲ
တောင်းပန်ပါတယ် ချန်ယောလ်*

*ဒုံး*

သောက်လက်စ အရက်ဖန်ခွက်ကို စားပွဲပေါ် စောင့်ချလိုက်တော့ တိတ်ဆိတ်နေသည့်အခန်းထဲတွင် ကျယ်လောင်သည့်အသံထွက်ပေါ်လာသည်။ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ကောင်လေးက ပက်လက်အိပ်နေရာကနေ လူးလွန့်ပြီး ဘေးတစ်စောင်းပြောင်းအိပ်တော့ ချန်ယောလ်ထိုင်နေသည့်ဘက်ကို မျက်နှာချင်းဆိုင်လိုက်သလိုဖြစ်သွားသည်။အငိုတိတ်အောင် နမ်းနေရင်း အိပ်ပျော်သွားတဲ့ကောင်လေးက အဆူခံရမှာပူပင်နေတာမျိုးမရှိဘဲ အေးအေးချမ်းချမ်း အိပ်မောကျလျက်ရှိသည်။ သန်းခေါင်ကျော် ၁ နာရီကို ညွှန်ပြနေသော နာရီလက်တံကိုကြည့်ပြီး နှုတ်ခမ်းလှုပ်ရုံပြုံးလိုက်သည်။ ဒီအချိန်လောက်ဆို ခေါင်းမီးတောက်နေလောက်ရောပေါ့။ တစ်မိသားစုလုံးရဲ့ အသည်းအသက်လေး ရုတ်တရက်ပျောက်သွားတော့ ရင်တွေပူနေမှာပေါ့။

မျိုးရိုး ဇစ်မြစ် ဂုဏ်ဆိုတာတွေကို သိပ်ပြောတဲ့ ကလေးရဲ့မိဘတွေက တစ်ချိန်တုန်းက နှိမ်ပြီးငြင်းပစ်ခဲ့ဖူးတဲ့သူကို သမက်တော်ရမယ်ဆိုတာများသိရင် ဘယ်လိုဆွေ့ဆွေ့ခုန်နေမလဲဆိုသည့်အတွေးနဲ့တင် ပျော်ရွှင်လာရသည်။ စားပွဲပေါ်မှာ ငြိမ်သက်နေသောဖုန်းလေးကို ယူကာအခန်းပြင်ထွက်ပြီး ဖုန်းကိုဖွင့်လိုက်သည်။ ဝင်ထားသော missed call ပေါင်းများစွာနှင့် စာများကိုကြည့်နေတုန်း ဖုန်းဝင်လာသည်။

*မေမေ*

ဖုန်းမျက်နှာပြင်ကို အကြာကြီးကြည့်နေမိသည်။ ကြည့်နေတုန်းပဲ missed call ဖြစ်သွားပြီး နောက်တစ်ကြိမ်ထပ်ဝင်လာတော့ ချန်ယောလ် ဖုန်းကိုင်လိုက်သည်။

At least, you loved meWhere stories live. Discover now