Part 18

580 73 1
                                    

At least, you loved me
Part 18

စိမ်းစိုသောတောင်တန်းများနှင့် ကောင်းကင်ပြာပြာ ထိစပ်နေသကဲ့သို့ လှပသောမြင်ကွင်းသည် ပန်းချီကားတစ်ချပ်လို ပြည့်စုံလှသည်။ လေတဖြူးဖြူးတိုက်နေသော တောင်ကုန်းပြန့်ပြန့်ပေါ်တွင် ဟိုတစ်စု သည်တစ်စု နေရာချနေကြသူများရှိနေသည်။ ပိတ်ရက်မဟုတ်ဘဲ ကြားရက်ဖြစ်နေသောကြောင့် လူတော့အရမ်းမများပေ။ ချန်ယောလ်တို့ပါမှ ၄ ဖွဲ့လောက်သာရှိမည်။

ချန်ယောလ်က ကားရပ်သည့်နေရာတွင် ပါကင်ထိုးခဲ့ပြီး လိုအပ်သည့်ပစ္စည်းများကို ကားထဲမှယူထုတ်လိုက်သည်။ နှစ်ယောက်အိပ် ယာယီတဲ၊ အစားအသောက်၊ လက်နှိပ်ဓာတ်မီး၊ မီးအိမ်နှင့် စောင်အထူများကို တောင်ကုန်းပြန့်ပေါ်တွင် ပလပ်စတစ်ဖျာခင်းကာ နေရာချလိုက်သည်။ ရောက်ကတည်းက ဟိုပြေးဒီပြေးလုပ်နေသည့် ငယ်ကတော့ ယာယီတဲထိုးဖို့ရော ပစ္စည်းနေရာချဖို့ပါ စိတ်ဝင်စားပုံမရချေ။

"ဦး တိမ်တွေက သိပ်လှတာပဲ"

"ထိုင်နေပါဦး ငယ်ရဲ့
ရောက်ကတည်းကလျောက်သွားနေတာ မညောင်းဘူလား"

"ကျွန်တော် ပျော်လို့"

မြို့နဲ့မဝေးတဲ့နေရာက ယာယီတဲထိုးကာ အပန်းဖြေသည့် တဲစခန်းလေးကို တစ်ညအိပ် သွားမည်ဆိုကတည်းက ငယ်က ပျော်နေတာဖြစ်သည်။ ငယ် ကျောင်းသွားတက်ဖို့ တစ်ပတ်သာလိုတော့သောကြောင့် ငယ် မသွားခင် အမှတ်တရလေးဖြစ်သွားအောင် လာခဲ့ခြင်းဖြစ်သည်။ မရောက်ဖူးသည့်နေရာဆိုတော့ ရောက်တာနဲ့ငယ်က တစ်စက်မှ ငြိမ်မနေဘဲ လှည့်ပတ်သွားပြီး စပ်စုနေလေရဲ့။ ငယ်က တကယ်ကလေးလေးလိုပဲ။ ဒီကလေးလေးကို မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှာ ကိုယ်ဘယ်လိုစိတ်ချထားရပါ့မလဲ။

ချန်ယောလ် ယာယီတဲထိုးလိုက်ပြီး တဲထဲတွင် စောင်ခင်းထူထူများခင်းချလိုက်သည်။
တစ်ညလုံး တဲထဲမှာပဲ အိပ်ရမည်ဆိုတော့ နွေးနွေးထွေးထွေးဖြစ်ဖို့လိုသည်။ တခြားပစ္စည်းများကိုပါ နေရာချလိုက်ပြီးမှ ဇစ်ကို ပိတ်ချပြီး အပြင်ထွက်လာခဲ့တော့ အချိန်က နေ့ခင်းကျော်နေပြီဖြစ်သည်။

At least, you loved meWhere stories live. Discover now