At least, you loved me
Part 12ချန်ယောလ် ရေချိုးခန်းကနေ ထွက်လာသည့်အချိန် ငယ်က အိပ်ခန်းထောင့်ရှိစာကြည့်စားပွဲတွင် စာလုပ်နေသည်။ စာမေးပွဲနီးနေပြီဖြစ်သောကြောင့် ကျောင်းကပြန်လာချိန်ရော ပိတ်ရက်တွေပါ စာပဲထိုင်လုပ်နေတာတွေ့ရသည်။ ငယ်တက်နေသည့် စာကျက်ဝိုင်းတွေ ဂိုက်အတန်းတွေက အဆင်ပြေနေလို့တော်ပါသေးသည်။ ငယ့်အမြင်မှာ ချန်ယောလ်က ငယ်နဲ့ပတ်သက်တာတွေကို ဂရုမစိုက်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့ ချန်ယောလ်က ငယ်နဲ့ပတ်သက်သမျှ အကုန် မသိတာမရှိလောက်အောင်ကို ဂရုစိုက်နေပါသည်။ ငယ်သတိမထားမိပေမဲ့ပေါ့။
ငယ့်အတန်းချိန် စာမေးပွဲချိန် စာကျက်ဝိုင်းချိန်တွေ အကုန်လုံးကို ချန်ယောလ်သိပါသည်။ ငယ်သိသာအောင် ဂရုမစိုက်ချင်လို့သာ မသိသလိုနေနေခဲ့တာဖြစ်သည်။ အဝတ်အစားထုတ်ရန် ဘီရိုဖွင့်သံကြားတော့ ငယ်က လှည့်ကြည့်သည်။
"ဦး အပြင်သွားဖို့လား"
"ဟုတ်တယ် ငယ်"
"ညနေဘက်ကြီး ရေချိုးနေတယ် ဖျားဦးမယ်
ဒါဝတ်သွားမှာလား ကျွန်တော်လုပ်ပေးမယ်"ချန်ယောလ်လက်ထဲက suit ကို ဆွဲယူသွားပြီး ကုတင်ပေါ်မှာ ဖြန့်တင်ထားလိုက်သည်။
ပခုံးပေါ်က ပုဝါစကလည်း ငယ့်လက်ထဲရောက်သွားပြီဖြစ်သည်။"ဒီမှာထိုင်လေ ဦး"
လက်ကိုဆွဲကာ ကုတင်စွန်းမှာ ထိုင်ခိုင်းပြီး မျက်နှာနဲ့ ကိုယ်ပေါ်က ရေစက်တွေကို သုတ်ပေးနေသည်။ ငယ်က အခုတလော ချန်ယောလ်ကို တစ်ခွန်းမကျန်ပြန်ခံပြောတတ်လာသလို တစ်ခါတလေကျတော့လည်း အရင်အတိုင်း နူးညံ့ပြီး ကလေးလေးလိုဖြစ်နေတတ်သေးသည်။
"ပါတီပွဲပဲလားဟင် ဦး"
"အင်း အလုပ်ကပွဲ"
"ကျွန်တော်လိုက်လို့မရဘူးလား"
ငယ်ကရေသုတ်ပြီးသွားသော ပုဝါကို တန်းပေါ်သွားတင်ရင်း ချန်ယောလ်သုံးနေကျ facial cream ဗူးကို ယူလာသည်။ ငယ့်ကို ခေါ်သွားလို့ရပေမဲ့ စာမေးပွဲနီးနေသောကြောင့် စာပဲလုပ်နေစေချင်သည်။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)