Part 9

489 72 6
                                    

At least, you loved me
Part 9

ဦးက ကျွန်တော့်ကို ချစ်ခဲ့ရဲ့သားနဲ့ လိမ်နေတာ။ မျက်လုံးက စိတ်ရဲ့ တံခါးပေါက်တဲ့။ ဦးပါးစပ်က ညာရင်တောင် မျက်လုံးက ညာလို့ဘယ်ရမလဲ။ ဦး မျက်ဝန်းထဲက ကျွန်တော့်ကို နည်းနည်းလေးချစ်ခဲ့တယ်ဆိုတဲ့ အရိပ်အယောင်နဲ့တင် ကျွန်တော်က ဦးအနားမှာ တစ်ဘဝလုံးနေဖို့ ဆုံးဖြတ်ပြီးနေပြီဖြစ်သည်။

ကျွန်တော့်မိဘတွေဘက်က ဦးဘက်ကို အောက်ကျို့ပြီး လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ရသည့်အတွက် မိဘတွေကို အားနာမိပေမဲ့
တစ်ချိန်ချိန်မှာ ဦးက ကျွန်တော့်မိဘတွေဆီ ပြန်လည်အောက်ကျို့ရမည့်သူသာဖြစ်လာလိမ့်မည်။ ကျွန်တော်က ဦးအတွက်ဆို ဖြူစင်ပြီး ထားရာနေ စေရာသွား အရုပ်ကလေးလို နေခဲ့ပေမဲ့ တကယ်တမ်းမှာ ကျွန်တော်က ဦးထင်သလောက် ရိုးရှင်းနေတာမျိုးတော့ မဟုတ်ပေ။ ဦးက အမုန်းတွေနဲ့အနိုင်ယူမှုကို ကျွန်တော်က အချစ်တွေနဲ့သာ ပြန်လည်ချေပလိုပါသည်။ ဦးရဲ့ အနိုင်ယူမှုတွေက ချိုမြိန်ပါစေ ဦး...။

🍂

ကျောင်းပြန်မဖွင့်ခင်ပဲ ကျွန်တော်တို့ မင်္ဂလာပွဲကို အမြန်စီစဉ်လိုက်ကြသည်။ ကျွန်တော်တို့ရဲ့ တကယ့်ပြဿနာတွေကို မသိတဲ့သူငယ်ချင်းတွေကတော့ ကျွန်တော်ယောက်ျားစောစောရတာကို ပျော်နေကြသေးသည်။ ဦးနဲ့ တွဲနေကတည်းက တစ်ခါတလေ သူငယ်ချင်းတွေကိုပါ မုန့်ဝယ်ကျွေးတတ်တဲ့ ဦးကို သူငယ်ချင်းတွေက လည်းခင်ကြသည်။ ဦးနဲ့ စောစောလက်ထပ်ဖြစ်တာ သူတို့ကောင်းမှုကြောင့်ဆိုပြီး ဂုဏ်ဆာနေကြသေးတာပင်။

ခမ်းခမ်းနားနား ကျင်းပသည့် မင်္ဂလာပွဲတွင် ကျွန်တော်နဲ့ ဦးက အတွေးကိုယ်စီနဲ့ ပျော်နေခဲ့ကြပေမဲ့ မိဘတွေကတော့ မျက်နှာမကောင်းကြပါ။ ကျွန်တော်ကတော့ ကျွန်တော်ရွေးချယ်လိုက်သည့်ဘဝတွင် အဆင်ပြေအောင် နေထိုင်ဖို့ ယုံကြည်ချက်ရှိပါသည်။ ကျွန်တော့်နှလုံးသားကိုရော ကျွန်တော့်အပေါ် ခဏတာဖြစ်ဖြစ် တိမ်းညွတ်ခဲ့ဖူးတဲ့ ဦးရဲ့ နှလုံးသားကိုရော ယုံသည်။ ဦးရဲ့ နှလုံးအိမ်မှာ တစ်ကြိမ်တစ်ခါ ကိန်းအောင်းဖူးတဲ့ ကျွန်တော့်အတွက် ခံစားချက်အနည်းငယ်ကို ဖြည်းဖြည်းချင်း လှုပ်နှိုးကြည့်ဖို့ ကြိုးစားရဦးမည်။

At least, you loved meWhere stories live. Discover now