At least, you loved me
Part 2ထမင်းစားပွဲပေါ်မှာ တင်ထားသော ဟင်းပွဲအစုံကိုကြည့်ပြီး ဂျောင်ဆူးက ဘယ်ဟင်းနဲ့စားရမလဲ ရွေးနေမိသည်။ နေ့တိုင်း ဂျောင်ဆူးအကြိုက်တွေချက်ကျွေးတတ်တဲ့ မမက စာမေးပွဲနီးပြီဆို ပိုပြီး ဂရုတစိုက်ချက်ပေးတတ်သည်။ ၁၀ နှစ်လောက်ကွာတဲ့ မောင်နှမဆိုတော့ မမက ဂျောင်ဆူးအတွက် အစ်မလိုရော အမေလိုရော ဂရုစိုက်ပေးသည်။
"ငယ်လေးစားလေ"
"ဟင်းတွေကများလို့ ဘာစားရမှန်းတောင်မသိဘူး
အများကြီးမချက်ပါနဲ့ မမ ပင်ပန်းပါတယ်""ငယ်လေးက စာမေးပွဲနီးပြီလေ"
မမက တူတစ်ချောင်းကို ဗူးထဲကထုတ်ယူပြီး ဟင်းများကို တစ်ခုနည်းနည်းစီ ညှပ်ယူကာ ဂျောင်ဆူးပန်းကန်ထဲ ထည့်ပေးနေသည်။
"အစ်ကို ထယ်ဝူး ဘယ်နေ့ပြန်လာမှာလဲ မမ"
"ဟုတ်သားပဲ မမ ပြောဖို့မေ့နေတာ
အစ်ကိုပြန်လာမဲ့နေ့က ငယ်လေးစာမေးပွဲနောက်ဆုံးနေ့ပဲ
အဲ့ဒီနေ့ အစ်ကို့ကို သွားကြိုပြီးရင် ဖေဖေ့ဟိုတယ်မှာပဲ ညစာစားမလို့""အစ်ကိုပင်ပန်းနေမှာကို နောက်နေ့မှ စားပါလား"
"ငယ်လေးလည်း စာမေးပွဲပြီးတာဆိုတော့ အမှတ်တရဖြစ်အောင်ပါ"
"အင်း အင်း
ကျွန်တော်စားပြီးပြီ မမ ကျောင်းသွားတော့မယ်"အိမ်ကနေထွက်လာပြီး ကားဂိတ်မှာ ကားစောင့်နေရင်း ဖုန်းဖွင့်ကာ ဦး ဆီ စာပို့နေမိသည်။ ဦးက သူပြောထားတဲ့အတိုင်း အလုပ်တကယ်များနေပုံရပါသည်။ ဂျောင်ဆူးက စာတွေပို့နေတာ ၅ ရက်လောက်ကြာနေသော်လည်း ပြန်စာတစ်စောင်မှ မလာခဲ့။ ဦး စာမပြန်လည်း တစ်နေ့တာလုပ်သမျှနဲ့ဦးကိုလွမ်းတဲ့အကြောင်းတွေပို့နေရတာကို ဂျောင်ဆူးက သဘောကျသည်။
ဦးနဲ့ စတွဲကာစတုန်းက ဦးဘက်က စာမပြန် ဖုန်းမကိုင်ရင် ဂျောင်ဆူးက စိတ်ကောက်တတ်ပေမဲ့ တွဲတာ တစ်နှစ်ကျော်လာတော့ ဂျောင်ဆူးက ဦးကို နားလည်လာသည်။ ဦးက အလုပ်များတဲ့သူဖြစ်ပြီး အချိန်ရတာနဲ့ဂျောင်ဆူးဆီလာတွေ့တတ်တာနဲ့တင် ဂျောင်ဆူးက ကျေနပ်နေပြီဖြစ်သည်။ ဂျောင်ဆူးက အချိန်ကြာလေ ဦးကို ပိုချစ်လာလေ ပိုအလျော့ပေးပြီး နားလည်ပေးမိလာလေဖြစ်သည်။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)