At least, you loved me
Part 7ဦးက ကျွန်တော့်ကို မချစ်ဘူးတဲ့
ဦးက ကျွန်တော့်မိသားစုနဲ့ ပြဿနာရှိဖူးလို့ ကျွန်တော့်ကို ချဉ်းကပ်တာတဲ့
ဦးအတွက် ကျွန်တော်က အသုံးချစရာ အရုပ်လေးသက်သက်ပဲတဲ့မေမေနဲ့ မမပြောတဲ့စကားတွေက ကျွန်တော့်နားထဲမှာ တဝဲလည်လည် အထပ်ထပ်ကြားယောင်နေသည်။ ဦးက ကျွန်တော့်ကိုတကယ်ပဲမချစ်ခဲ့ဘူးလား။ တစ်ခါတလေ ပြောင်းလဲသွားတတ်တဲ့ ဦးရဲ့အမူအယာတွေကို နားမလည်သလိုဖြစ်ခဲ့ဖူးပေမဲ့ ဦး ကျွန်တော့်ကို နည်းနည်းလေးမှ မချစ်ခဲ့ဘူးဆိုတာတော့ မဟုတ်လောက်ဘူးထင်သည်။
ပထမဆုံး ကော်ဖီဆိုင်မှာ စ တွေ့တုန်းက ဦးက ကျွန်တော့်ကို ရွှန်းရွှန်းစားစားကို စိုက်ကြည့်နေခဲ့တာ။ ဦးအကြည့်တွေကြောင့် လက်ထဲကအအေးခွက်လွတ်ကျသွားတဲ့အထိ ကျွန်တော် ရင်ခုန်ခဲ့ရတာ။ အဲ့ဒီမျက်လုံးက အကြည့်တွေက ကျွန်တော့်အပေါ် ဟန်ဆောင်လုပ်ယူထားတာမဟုတ်မှန်း ကျွန်တော့်နှလုံးသားက သိသည်။
ဦးနဲ့ မေမေတို့ ဘယ်လိုရန်ညှိုးတွေရှိခဲ့ကြလဲ မသိပေမဲ့ ကျွန်တော်သေချာနေတာတစ်ခုက အနည်းဆုံးတော့ ဦး.. ကျွန်တော့်အပေါ်
တစ်ကြိမ်တစ်ခါဖြစ်ဖြစ် မှန်ကန်တဲ့ ခံစားချက်မျိုး ရှိခဲ့ဖူးသည်ဆိုတာပဲဖြစ်သည်။ ဦးပြန်သွားသည့်နေ့ကတည်းက ဦးနဲ့ဆက်သွယ်မှာစိုးပြီး မေမေက ဖုန်းသိမ်းထားသည်။ ကျွန်တော်တစ်ည ပျောက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ သူငယ်ချင်း သုံးယောက်လုံး အိမ်က ဆူတာတော်တော်ခံလိုက်ရမှန်းသိရတော့ ကျွန်တော်စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။ ငယ်သူငယ်ချင်းတွေလို ခင်မင်ရသူလေးတွေကတော့ ကျွန်တော့်အပေါ် စိတ်ပူတာကလွဲလို့ စိတ်ဆိုးစိတ်ခုခြင်းနည်းနည်းမှ မရှိခဲ့ကြပေ။ဦးနဲ့လက်ထပ်ဖို့ကိစ္စကို မေမေကခွင့်မပြုချင်ပေမဲ့ မမက တစ်ညအတူရှိခဲ့ပြီးသောကြောင့် ငယ်လေးသဘောပါလို့ပြောလာသည်။ တကယ်ဆို ဦးနဲ့ကျွန်တော်က ဖက်အိပ်ခဲ့ကြတာကလွဲလို့ တခြားဘာမှမှမရှိခဲ့တာ။ အမှန်အတိုင်းပြောပြရင် လက်မထပ်ဘဲနေလည်းရပေမဲ့ ဦး ကျွန်တော့်အပေါ် တစ်ခါလောက်ဖြစ်ဖြစ် အချိန်အတိုင်းအတာသေးသေးလေးဖြစ်ဖြစ် ချစ်ခဲ့ဖူးတယ်ဆို ကျွန်တော်က ဦးဘဝထဲ ခြေစုံပစ်ဝင်ရဲသည်။ အနားမှာ ဦးရှိနေဖို့သာ လိုပါသည်။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)