At least, you loved me
Part 10အဆက်မပြတ် မြည်နေသော ဖုန်းသံကြောင့် ချန်ယောလ်အိပ်နေရာမှ နိုးလာသည်။ ငယ်က သူ့ ဖုန်းမြည်နေတာကို မကိုင်ဘဲ ဘာလုပ်နေတာလဲ။ ကျွန်တော် အိပ်ယာက ထပြီးအခန်းထဲမှာ ငယ့်ကိုရှာကြည့်တော့ မတွေ့။ အရင်နေ့တွေဆို ကျွန်တော်အိပ်ယာကမနိုးမချင်း ငယ်လည်းအခန်းထဲမှာပဲရှိနေတတ်သည်။
ဖုန်းက ဆက်တိုက်မြည်လာသောကြောင့် ကျွန်တော်ယူကြည့်လိုက်တော့ ငယ့်သူငယ်ချင်းဆီကဖြစ်သည်။ ငယ်အခန်းထဲမရှိသောကြောင့် နောက်မှပြန်ဆက်ဖို့ပြောရန် ကျွန်တော်ဖုန်းကိုင်လိုက်သည်။
"ဟိတ်ကောင် ဂျောင်ဆူး လာနေပြီလား ငါတို့မင်းအိမ်ရောက်တော့မယ်နော်"
ဖုန်းမျက်နှာပြင်မှာပေါ်သည့် နာမည်က ဘတ်ခ်ဟျွန်းဖြစ်ပေမဲ့ ဖုန်းကိုင်လိုက်တာနဲ့ ကျယ်လောင်စွာတိုးဝင်လာတဲ့အသံပြဲကြောင့် ဖုန်းပြောနေသူက လူကောင်သေးသေးနဲ့ အသံကျယ်သည့် ဂျုံဒယ်မှန်းသိလိုက်သည်။
"ငယ် ဖုန်းကျန်ခဲ့တယ် ထင်တယ် ဂျုံဒယ်
ကိုယ် ချန်ယောလ်ပါ""ဟာ ဆောရီးနော် ဦး
ဦး မှန်းမသိလို့ အော်လိုက်မိတာ ဒါဆို မမဂျောင်ဟွာဆီပဲဆက်လိုက်တော့မယ် ဒါပဲနော်"တစ်ယောက်တည်းပြောပြီး ချသွားသည့်ဖုန်းကို ကြောင်ကြည့်နေမိသည်။ ငယ်က ကျွန်တော့်ကို မပြောဘဲ အိမ်ပြန်သွားတာလား။
သူငယ်ချင်းတွေနဲ့လည်း ချိန်းထားသေးတာလား။ ချုပ်ချယ်တာမျိုးတော့မဟုတ်ပေမဲ့ နည်းနည်းပါးပါးတော့ အသိပေးသင့်တာပေါ့။ အိပ်နေတဲ့လူကို နှိုးတောင်မနှိုးဘဲ ဒီတိုင်းထားသွားတော့တာပဲလား။ ငယ့် လုပ်ပုံတွေက မဟုတ်သေးဘူး။မျက်နှာသစ် ရေချိုးလိုက်ပြီး အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်။
ငယ့်အိမ်ကိုဖုန်းဆက်ကြည့်ရမလား။ ဒါမှမဟုတ် ငယ့်သူငယ်ချင်းတွေကို ဆက်ရမလား။ ဖုန်းက ဘာလို့ကျန်ခဲ့မှန်းမသိဘူး ငယ် က နမော်နမဲ့နဲ့။ သူ့ဖုန်းကျန်ခဲ့ရင်တောင် သူ့အိမ်ကဖုန်းနဲ့ဖြစ်ဖြစ် ကျွန်တော့်ဆီဖုန်းဆက်လို့ရတာပဲကို။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)