At least, you loved me
Part 17ပထမအကြိမ်က သိမ်ငယ်မှု၊ ဒုတိယအကြိမ် အနိုင်ယူလိုမှုတို့နှင့် ခြေချခဲ့သည် အိမ်ဝန်းအတွင်းကို တတိယအကြိမ်တွင် အားနာမှု များနှင့် ခြေချမိပြန်သည်။ မှားခဲ့သည့်သူက တောင်းပန်ရမည်ဆိုတာ သိနေသည့်တိုင်အောင် အချိန်တော့တော်တော်လေး ယူခဲ့ရသေးတာဖြစ်သည်။ နှစ်ပေါင်းများစွာ အဆိုင်အခဲတစ်ခုလိုတည်ရှိနေခဲ့သည့် နာကျည်းမှုများကို အချိန်ခဏလေးနှင့် ဖြိုချပစ်ဖို့ဆိုတာ လွယ်ကူတာမှ မဟုတ်ဘဲ။
တစ်ယောက်တည်း တွေး တစ်ယောက်တည်း စိတ်ဖြေရင်း အမှန်ကိုရင်ဆိုင်ဖို့ အားမွေးခဲ့ရသည်။ ကျောင်းတက်ဖို့ကိစ္စနဲ့ စကားများပြီးတဲ့နောက် ငယ်က ချန်ယောလ်ကို မျက်နှာချင်းပင်မဆိုင်တော့။ ငယ့်ကိုလည်းတောင်းပန်ဖို့လိုပေမဲ့ ငယ့်မိဘနဲ့ ဂျောင်ဟွာတို့ကို အရင်တောင်းပန်ချင်သည်။ ငယ်ကတော့ တစ်ဘဝလုံးအတူတူရှိနေရမည့်သူဆိုတော့ ဖြေးဖြေးချင်းပေါ့...ဖြေးဖြေးချင်း အချစ်တွေပြန်တည်ဆောက်ကြတာပေါ့။
🍂
စိတ်ကျဉ်းကြပ်မှုနှင့် အားနာမှုများရောထွေးနေပြီး ချန်ယောလ် မနေတတ်စွာ လက်တွေကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေမိသည်။
ငယ့်မိဘတွေကလည်း ချန်ယောလ် မပြောမချင်း ဘာမှ စပြောမည့်ပုံမပေါ်ပေ။ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးမှ အားယူပြီး စကားကို တစ်ခွန်းချင်းပြောရသည်။"ကျွန်တော် မသိခဲ့လို့ အထင်လွဲခဲ့တဲ့ ကိစ္စတွေအတွက် တောင်းပန်ပါတယ်"
"ပြီးပြီးသားတွေပဲ စိတ်ထဲမရှိတော့ပါဘူး"
ငယ့် မေမေက ပုံမှန်အတိုင်း မျက်နှာထားရော လေသံက ခပ်တည်တည်ပင်ဖြစ်သည်။ ငယ့်အဖေကတော့ ဘာမှဝင်မပြောပေ။
"အမှန်ကိုသိသွားရင် သားငယ်လေးကို စိတ်မဆင်းရဲပါစေနဲ့တော့
တစ်အိမ်လုံးဖူးဖူးမှုတ်ထားတဲ့ကလေး မင်းဆီရောက်မှ စိတ်ဆင်းရဲနေရပြီ""တောင်းပန်ပါတယ် ကျွန်တော် အများကြီးပိုပြီး ဂရုစိုက်ပါ့မယ်"
"ကလေးလုပ်ချင်တာကို မတားပါနဲ့
မိဘတွေအနေနဲ့ ငယ်သေးတဲ့ကလေးကို မင်းလက်ထဲထည့်ပေးရတာ ဘယ်လောက်ခံစားရတယ်မှတ်လဲ
သူ့ဘဝအတွက် လျှောက်မဲ့လမ်းကိုတော့ အကောင်းဆုံးရွေးချယ်ခွင့်ရစေချင်တယ်"
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)