At least, you loved me
Part 15ကျယ်ပြန့်သော အစိမ်းရင့်ရောင်မြက်ခင်းပြင်ကျယ်ကြီးကို ကြည့်နေရင်း ဂျောင်ဆူး စိတ်ထဲတွင်ပျော်ရွှင်လာရသည်။ အိမ်မှာနေရင်း ညစ်ညူးနေရတဲ့စိတ်တွေက ဒီကိုရောက်မှ အကုန်ကြည်လင်သွားသည်။ ဘတ်ခ်ဟျွန်း အင်္ကျီကို အစားထိုးပြန်ဝယ်ပေးသည့်နေ့က ဂျွန်မြောင်တို့အဖေပိုင်သည့် အပန်းဖြေရိပ်သာကို သွားလည်ကြရန် ချိန်းခဲ့ပြီး လာလည်ကြခြင်းဖြစ်သည်။ မေမေတို့အိမ်ကနေ ပြန်လာပြီး ကျောင်းဝင်ခွင့်အတွက် လိုအပ်တာတွေ ပြင်ဆင်နေတာနှင့် ဦးနှင့် စကားပင်မပြောဖြစ်။ ဂျောင်ဆူးဘက်ကပြောချင်စိတ်မရှိသလို ဦးကလည်း အတင်းအကြပ်ကြိုးစားလာတာမျိုး မရှိခဲ့ပါ။
တဖြူးဖြူးတိုက်နေသောလေက မြို့တွင်းကလေထုနှင့်မတူဘဲ လတ်ဆတ်လှသည်။ ဆိုးလ်မြို့ အထွက်နေရာမှာ တည်ဆောက်ထားသော အပန်းဖြေရိပ်သာက မြို့ပြအငွေ့အသက်ရော ကျေးလက်အငွေ့အသက်တွေပါရောနှောနေပြီး အလွန်လှပသည်။ ပြီးခဲ့သည့်အပတ်ကမှ ဖွင့်ပွဲလုပ်ထားပြီး ညဘက် ပါတီပွဲပေးမည်လို့လည်း ဂျွန်မြောင်ကပြောသည်။ ပါတီဆိုတော့ ဘတ်ခ်ဟျွန်းနဲ့ ဂျုံဒယ်က တအားပျော်နေကြသည်။ ဂျောင်ဆူးကတော့ ပါတီထက် အိမ်နဲ့အဝေးရောက်နေကတည်းကပင် စိတ်ချမ်းသာနေပြီ။ ညအရမ်းမနက်ခင်ပြန်ပို့ပေးဖို့တော့ ဂျွန်မြောင့်ကို ပြောထားရမည်။
"ငါတို့ ဘာကျောင်းတွေဆက်တက်ကြမလဲဟင်"
"ငါကတော့ ဖေဖေ့အလုပ်အတွက် အကူအညီဖြစ်အောင် Business ပဲယူဖြစ်မယ် မင်းရော..."
ဘတ်ခ်ဟျွန်းအမေးကို ဂျွန်မြောင်က ခပ်သွက်သွက်ဖြေသည်။
"ငါက မသိသေးဘူး ဂျုံဒယ်ရော"
"Engineering ယူကြည့်ရင်ကောင်းမလား"
"ဟင် မင်းဟာကလည်း ဝါသနာပါတာလည်းမဟုတ်ဘဲ ယူကြည့်ရမလားဆိုတာ ဘာကြီးလဲ"
"ငါလဲ မသိသေးပါဘူးကွာ"
ဂျုံဒယ်ကလည်း ခေါင်းကုတ်ရင်း ပြန်ပြောသည်။
"မင်းရော ဂျောင်ဆူး..."
"ငါ UCLA ဝင်ခွင့်ဖြေဖို့ပြင်နေတယ် ဂျွန်"
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)