အပိုင်း ၃
ကိုခန့် ဒီနေ့ နားရက်ဖြစ်နေပေမယ့် OTဆင်းခိုင်းလို့အလုပ်သွားရပြန်သည်။
ကိုခန့်တို့လို အင်ဂျင်နီယာကျောင်းဆင်းတွေအတွက် မြန်မာပြည်မှာ အလုပ်ရဖို့ကလွယ်ကူသည့် အနေအထားမဟုတ်။
တက်တော့လဲ သူများ ကျောင်းတွေထက် ပိုထူးပြီး 5နှစ်(ယခု 6နှစ်)တက်ရတယ်။
ပြီးရင် ကိုခန့် တို့တုံးက ပထမ နှစ်နှစ်(first & second year) မှာ star ပါမှ(ဘာသာစုံ ပျမ်းမျှ 65 မှတ်ရမှ starရတာပါ)B-tecth နှစ်နှစ်ထပ်တက်ခွင့်ရတယ်။
နောက် BE တစ်နှစ်ကိုလဲ အဲ့လိုပဲ starပါမှ ထပ်တက်ခဲ့ရတာ။
စာအုပ်အထူကြီးတွေနဲ့ နားမလည်နိုင်သော Equation ပေါင်းများစွာ ကို ဟိုဟာ Assume, ဒီဟာ By-heart ကျက်စနစ်ဖြင့် ကျော်ဖြတ်ခဲ့ရတယ်။
(**တကယ်ဖြစ်သင့်တာက Theoryကို တကယ်ကျယ်ကျယ်ပြန့်ပြန့်သေချာ ရှင်းပြပြီး အပြင်လက်တွေ့ ဘယ်နေရာမှာ ဒီ Equationကို ဘယ်လို အသုံးချရမလဲ၊ ဘယ်လို design လုပ်မလဲ ဆိုတာ ရှင်းပြရမှာပါ။ **)တွက်လိုက်ရသည့် Differential Equation တွေ မှတ်လိုက်ရတဲ့ ဘာသာ ရပ်တိုင်းရဲ့ formula အစုံ၊ ဒီကြားထဲ လက်တွေ့ computerဖြင့် run ပြမှ နားလည်သော programming ဘာသာရပ်ကို ဆရာမက ကျောက်သင်ပုန်းပေါ်မှာ မြေဖြူဖြင့် loppingအထပ်ထပ် ပတ်ပြတော့ အောက်ကနေ မသောက်ပဲ မူးခဲ့ရတာတစ်ဖုံ၊ ဖုန်းတောင် လူတန်းစေ့ မကိုင်နိုင် သေးတဲ့ ခေတ်မှာ Telecommunicationဆိုတာကြီးလဲ သင်ရသေးတော့ စဉ်းစားသာကြည့်ကြပေါ့ဗျာ။
Programmingဆိုတာ နားလည်ရင် တကယ် ပျော်ဖို့ကောင်းသောပညာရပ်ပါဗျ။ ( *** ဥပမာ- ကျတော် ကောင်မလေးတစ်ယောက်ကို လိုက်လို့ ခေါင်းညိမ့်မလား ခေါင်းခါမလား ကျတော် အရင် ဖြစ်တန်စွမ်းကို ကြိုသုံးသပ်ခြင်း၊ ရှောင်တခင် သူမစိတ်အခြေအနေကို စမ်းသပ်စစ် ဆေးကြည့်ခြင်း တို့သည် ယောကျာ်းတစ်ယောက်ရဲ့ ဉာဏ်နီဉာဏ်နက် လို့ အများက ပြောကြပေမယ့် အဲ့ သဘောတရားမှာကို သခ်ျာရော ပရိုဂရမ်လို မမြင်ရတဲ့ အခြေအနေတိုင်းကို ထည့်စဉ်းစားရခြင်းဆိုသည့် သဘောတရားပါဝင်ပါသည်။)
ကျတော် ကိုခန့်ကတော့ ကျောင်းကတည်းက စီနီယာအကိုတချို့ circuit ဆင်ကြတာ လိုက်ကြည့်ပြီး ဘေးနားက တောက်တိုမယ်ရ အကူ လိုက်လုပ်ပေးခဲ့တော့ BE project လုပ်ရတော့ ဆရာကြီးပေါ့။
YOU ARE READING
ကာရန်မညီသော ချစ်ခြင်း Completed
Romance" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...