ညတို့ ဆိုင်ထဲ ဝင်လာချိန်တွင် ည လူတစ်ယောက်နှင့် တိုက်မိလေရာ“အိုး.. စော်ရီးနော်..”။
ကိုခန့်သည် မိုးနှင့် မတွေ့ရဲသေး၍သာ ည ဆေးရုံ အသစ်ကို လိုက်မသွား ခဲ့ပေမယ့် ယခုတော့ မိုး နှင့် မှ တည့်တည့်ကြီးကို လာဆုံလေပြီ။
“ မိုး.. တိုက်ဆိုင်လိုက်တာ... ကို မိုးနဲ့ စကားခဏ ပြောချင်တယ်..မိုး ကို့ကို စကား ပြောခွင့်ပြုပါနော်..”။
“....”
“အကို မဂ်လာပါ.. ကျတော်က Dr. တံတိုင်းခပါ..
ခက အမလုပ်နေတဲ့ဆေးရုံအသစ်မှာ လာလေ့လာနေတဲ့သူ..
အမ ဒီအကိုနဲ့ စကားပြောဖို့ ဆန္ဒရှိလား.. အမ ok ရင် ကျတော်တို့ တဝိုင်းထဲ ထိုင်ကြရအောင်..”။
ခသည် ညကို တချက် နှစ်သိမ့်သလို လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်ချိန် ဘယ်အချိန်က မြင်ပြီး ရောက်လာသည်မသိသော ရှင်းက ည ပခုံးပေါ်က ခ လက်ကို ဖယ်လိုက်ပြီး ည လက်ကို ဖွဖွ လေး ဖျစ်ညှစ်လိုက်ကာ
“ သားကြီး ကျေးဇူးကွာ.. မင်း ငါ့ ည ကို ဆိုင်ခေါ်လာ ပေးလို့...
ည နောက်ကျလိုက်တာ ကိုကြီး စောင့်နေတာကြာပြီ..
ည ဒီက အကိုနဲ့ စကား ပြောကြမယ်ဆို ကိုကြီးတို့ အတူ ထိုင်ကြတာေပါ့..
ဒီက အကို မဂ်လာပါဗျ.. ကျတော့်နာမည် ရှင်းသန့်မောင်ပါ.. ကျတော် ည ချစ်သူပါ.. လာပါဗျ...ကျတော်တို့ ဝိုင်းကို သွားကြ ရအောင်.. “။
ည မျက်လုံးအပြူးသားဖြစ်သွားကာ ခ နဲ့ ရှင်း က ကိုခန့်ကို ပညာပေးနေပြီဟု သိလိုက်ပြီ။
ရှင်းတစ်ယောက် ဘာတွေ လုပ်နေပြီလဲ မသိ။ အမယ် သူ့ကိုသူ ကိုကြီးဆိုပဲ။ ည ချစ်သူဟုလဲဆိုကာ ည လက်ကိုပါ ပိုင်စိုးပိုင်နင်းလာကိုင်သော ရှင်း လက်ကို ဖြုတ်ချမယ် ပြင်ချိန် ရှင်းက လွှတ်မပေးပဲ“ည ကိုကြီးကို စိတ်ကောက်ရင် ပြီးမှ ဆက်ကောက်နော် .. အခု တော့ စိတ်ဆိုးပြေပေး.. ဒီက အကိုကို အားနာစရာကြီး ဟုတ်ပလား ..”။
ည ရှင်းလက်ကို ရုန်းလိုက်ပေမယ့် အားချင်းမမျှ ၍ ရုန်းမရတာမို့ အိန္ဒြေ ပျက်မည်ဆိုးကာ မရုန်းတော့ပဲ ငြိမ်နေမိတော့သည်။
ESTÁS LEYENDO
ကာရန်မညီသော ချစ်ခြင်း Completed
Romance" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...