Part 1

1.4K 30 1
                                    

အပိုင်း ၁
*********

"ည" အခုချိန်မှာ အရာရာကို ခဏရပ်တန့်ထားချင်သလို အငွေ့အဖြစ်ပျောက်သွားရင်တောင်ကောင်းမယ်လို့ တွေးမိတယ်။စားပွဲတစ်ခုမှာ လူသုံးယောက်ထိုင်နေပေမယ့် နှစ်ယောက်တည်းကပဲ စကားတွေရေပက်မဝင်အောင်ပြောနေကာ "ည"တစ်ယောက်သာ အပြင်လူဖြစ်နေကာ ဘာစကားကိုစပြောရမှန်းမသိအောင် စွံ့အနေတာ။သူတို့နှစ်ယောက်မှာတော့ ပြောမဆုံးပေါင် တောသုံးတောင်လေ။ပြောနေကြတဲ့စကားကလဲ ကြည့်ဦးလေ။

"ဖြူ နင့်လောက် ငါ့ကောင်မလေးကို ပွင့်လင်းထက်မြက်စေချင်တယ်။သူကလေ လူတွေနဲ့ဆက်ဆံရင်လဲ အမြဲခံဖက်က တုံးလိုက်တာလဲ လွန်ရောဟ။လူတောင် ငါ တော်တော် ပြောင်းလဲပေးထားလို့ အခုလောက် အခြေအနေဖြစ်နေတာ။ငါတော်တယ်မလား ဟားဟား" တဲ့လေ။

သူစိမ်းမိန်းခလေးရှေ့မှာ "ည" ကို ပြောနေတာများ မှိုချိုး မျှစ်ချိုး နှိမ်နေတာ။ဟိုကလဲ ကြည့်ပါဦး ပြန်ပြောပုံက

"ဟဲ့ ငါ့ရဲ့ ပွင့်လင်းမှူက နင်သိတဲ့အတိုင်းပဲ။နင်ငါ့ကို ကြိုက်နေတာတောင် ဖွင့်မပြောရဲလို့ ငါပဲမေးပြီး ငါပဲ ငြင်းခဲ့တာလေ။ငါ့ကိုကို ကိုလဲ ငါကပဲ စ ဇာတ်လမ်းစခဲ့တာ နင်သိတယ်မလား။နင်တောင် ကူညီပေးရသေးတယ်မလား။ငါတို့က ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင်ဖူး အိငြောင် အိငြောင် မိန်းခလေးတွေဆို ခင်ကို မခင်တတ် ကြိုက်လဲမကြိုက်ဖူး" တဲ့။

ဟင် အဲ့မိန်းကလေး ပြောနေပုံက ကျမ ကပဲ အိငြောင် အိငြောင် လုပ်နေသလိုပဲ။

"ည" လဲ တခါမှ အိငြောင် အိငြောင် မနေခဲ့သလို ကုပ်က မြင်းလဲ မဟုတ်ရပါဖူးရှင်။

အနေအေးပြီး စကားနဲပေမယ့် ပွင့်လင်းတဲ့ မိန်းခလေးထဲပါတယ်လေ။ဒါပေမယ့် ဟိုကိုယ်တော်ချောကြီးပြန်ပြောပုံကလဲ

"အေးလေ နင့်ရဲ့အဲ့ဒီအချက်တွေကိုပဲ ငါသဘောကျခဲ့တာ။သူနဲ့တော့ တခြားစီပဲ နင့်စိတ်က" တဲ့။

စိတ်ဆိုးလွန်းလို့ သူ့ကို ထရိုက်ပစ်ချင်နေစဉ်မှာ ကံကောင်းစွာ ဖုံး မြည် လာတယ်လေ။"ည" လဲ အခွင့် ရေး ရပြီမို့ စားပွဲမှထကာ ဖုံးပြောပြီး သူတို့ဝိုင်းဆီပြန်မသွားချင်တာမို့ သူတို့ကို ကျောခိုင်းပြီး အဆောင်သာ တန်းပြန်လာခဲ့မိတယ်။
🌟🌟🌟🌟🌟🌟

ကာရန်မညီသော ချစ်ခြင်း CompletedDonde viven las historias. Descúbrelo ahora