တကယ်တော့လေ အချစ်ဆိုတာ မထင်မှတ်ထားတဲ့ အချိန် ရောက်လာတတ်ပြီး ပေါင်းစည်းဖို့ ကံများ မပါရင် ဘာကြောင့် တွေ့ခွင့်ပေးသလဲပေါ့နော်...
The Last Leaf ထဲကလို နောက်ဆုံးသစ်ရွက် ကြွေရင် သူလဲ သေရမယ်လို့ ထင်ခဲ့တဲ့အဖိုးအိုလိုပဲ မိုးညကတော့ မိုးညတို့ အတူတူ ဝယ်စိုက်ဖူးတဲ့ အပင်လေး သေသွားကတည်းက သူ့ရဲ့ အချစ်တွေပါ တစ်နေ့ ပျောက်ဆုံး တော့မယ်လို့ မိုးည ခံစားမိခဲ့တယ်...
ဒါပေမယ့်လဲလေ မဖြစ်နိုင်တာကို ဆုပ်ကိုင်ထားရတာက ပိုပင်ပန်းတယ်လို့ ခံစားသိရှိပြီးတဲ့နောက် တစစဝေးကွာခဲ့ တဲ့ မိုးညတို့ အဖြစ်ကို မိုးည ကျေနပ်လက်ခံတတ်ခဲ့ပါပြီ...
ထားခဲ့သူနဲ့ ကျန်ခဲ့သူမှာ ဘယ်သူ ပိုပင်ပန်းလဲဆိုတာ ခံစားတတ်တဲ့ နှလုံးသားနဲ့ ပိုဆိုင်မယ်ထင်တယ်...
နောင်တချိန် ကိုယ်တို့ ပြန်တွေ့ကြရင် ကိုယ်အရင်ကထက် မင်းကို ပိုပြုံးပြနိုင်ဖို့ ဒီနှစ်နှစ်ဆိုတဲ့အချိန်မှာ ကိုယ်ကြိုးစားလေ့ကျင့်နေပါတယ်။
မင်းကို သိပ်ချစ်တဲ့
မိုးည
ŞİMDİ OKUDUĞUN
ကာရန်မညီသော ချစ်ခြင်း Completed
Romantizm" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...