part - 6

273 10 2
                                    

" စိတ်လေ့ကျင့်ခန်း"

(ဒါလေးကို အထူးအနေဖြင့် ရေးတင်ခြင်းပါ။လူမျိုး ဘာသာမရွေး လေ့ကျင့်လို့ရပါသည်)

မြန်မာမှာရှိတဲ့ လူတော်တော်များများက  စိတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် ပေါ့သေးသေးလို့ပဲ မှတ်ယူကြသလို ကိုယ့်ရဲ့ စိတ်အခြေအနေကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ရွံ့တာကြောင့် ဘာမှ မဖြစ်သလို ဟန်ဆောင်ထားကြတယ်။

ပတ်ဝန်းကျင်က မိမိစိတ်ကို  သိသွားရင် အထင်သေးမှာ၊ ကဲ့ရဲ့ဝေဖန်မှာ စိုးပြီး အရာရာ အဆင်ပြေသယောင်ယောင် ဟန်ဆောင်မျက်နှာဖုံးတပ်ထား ပျော်နေတတ်ကြတယ်။

တကယ်တော့ အဲ့ဒါဟာ မှားယွင်းစွာ  ရောဂါကို ခဏဖုံးထားလိုက်တာဖြစ်ပြီး မိမိစိတ်အတွင်းမှာ မသိစိတ်မှာ စိတ်ဒဏ်ရာဟာ အနာနှင့်ဆေး မတည့်သည့်အတွက် ပိုဆိုးသွားကာ လှိုက်စားသွားစေပါတယ်။

ပထမဦးဆုံး အနေနဲ့ ကိုယ့်စိတ်ကို သေချာ နားလည်ပေးရမှာဖြစ်ပြီးကိုယ့်ရဲ့ စားချိန်နဲ့ အိပ်ချိန်တွေကို ရောဖြစ်‌လာတဲ့ ကိစ္စတော်တော်များကို တွေးတတ်တဲ့ စိတ်အစဉ်၊ ရင်ဆိုင်နေရသည့် အဆိုးဆုံး အခြေအနေများ စသည့် ကိစ္စ သေးသေးလေးကနေ အကြီးကြီးအထိ အစအဆုံး သေချာ စောင့်ကြည့်သတိထားပေးရမှာပါ။

ပထမတော့ တခုတောင် သတိထားမိနိုင် မှာ မဟုတ်ပေမယ့် ရက်နဲနဲကြာလာတဲ့အခါ သမာဓိလိုမျိုးဖြစ်လာကာ သတိထားမိ သွားပါလိမ့်မယ်။

အစက သိရုံသာ သိ လာပြီး နောက်ကျတဖြည်းဖြည်း မှန်တယ်၊ မှားတယ် ဝေဖန် ပေးရမှာဖြစ်ပါတယ်။ စိတ်ပိုငြိမ် လာတဲ့အခါ အကောင်းဘက်က မြင်တတ်အောင် ကျင့်ယူရမှာဖြစ်ပြီး ဖြစ်သမျှတိုင်းသည် ဖြစ်ပြီး ခဏပဲဆိုတာ သိလာပါလိမ့်မယ်။

တခါတခါ အရင်အချိန်က အရမ်းဆိုးတယ်လို့ ခံစားရတဲ့ အခိုက်အတန့်များသည် နောင်တချိန် ပြန်တွေးတဲ့အခါ ဘာမှ မဟုတ်တော့သလိုမျိုးပဲ အရာအားလုံးသည် ဖြစ်ဆဲ ခဏမျှသာပါပဲ။

အဲ့တော့ လူတွေက ပြောကြပါလိမ့်မယ် မိုးည က ငါတို့ကို တရားထိုင်ခိုင်းနေတာလား၊ ဘာသာရေး အကြောင်း  ဆွေးနွေးနေတာလား လို့ ထောက်ပြပါလိမ့်မယ်။

ကာရန်မညီသော ချစ်ခြင်း CompletedDonde viven las historias. Descúbrelo ahora