ည တို့ စားသောက်ပြီးတော့ ခ က ပဲ ည နှင့် ရှင်းတို့ကို အဆောင် ပြန်လိုက်ပို့ပေးပါသည်။
ည လဲ ခ ရှေ့ ကြာကြာ မရပ်ရဲကာ မျက်နှာ ပူမိသည်မို့ ခကို နှုတ်မဆက် တော့ပဲအဆောင်ပေါ် ပြေးတက်မိတော့သည်။ တော်ကြာ ရှင်း လက်ဆွဲ တားမှာ ကြောက်လို့ပါ။
ကားပေါ်က အဖြစ် ပြန်တွေးပြီး ရှင်းကိုလဲ ထပ်တွေ့မှာ ကြောက်သလို ခ နှင့်လဲ နက်ဖန် ဘယ်လို မျက်နှာချင်းဆိုင်ရမယ်မသိ။
အပြန် ည တို့ ခ ကားပေါ် တက်တော့ ရှင်း သည် ဘာ တွေးမိသွားသည် မသိ
“ ဝိုး အခုမှ သိတယ်.. ည သီးသွားတာ ကျတော့်ကို သဝန်တိုလို့မလား...
ဟာ ည ကျတော့်ကို သဝန်တိုတယ် ဆိုတော့ ည တကယ် ကျတော့်အပေါ် ခံစားချက် ရှိနေလို့ပေါ့..
ည ရယ် ညရဲ့ အငယ်တွေဆို မယုံရဖူးဆိုတဲ့ အတွေးကြီး ဖျောက်လိုက်ပါနော်..
လူတစ် ယောက်က ငယ်ငယ် ကြီးကြီး အဓိကက အဲ့လူမှာ လူ့ကျင့်ဝတ်၊ လူပီသစိတ် ရှိဖို့ပဲ လိုတာ လေ..
ည ကျတော့်ကို မညှဉ်းဆဲသင့် တော်ဖူး.. ကျတော် စိတ်မရှည်ချင်တော့ဖူး .. ည ကို ကျတော် ပိုင်တယ်လို့ လူတွေရှေ့မှာ ထုတ်ကြွားချင်နေပြီ..”။
ည ရှင်းကို ကြည့်ပြီး လန့်နေမိပြီ။ ည ကို ည လဲ ဘာလို့ ရှင်း အပေါ် အဲ့လို ခံစားချက်ဝင်သွားလဲ သေချာမသိ။
ရှင်း ပုံစံက တကယ် လုပ်မယ့်ပုံလဲ ပေါ်နေတာမို့ ည ရှင်းကို မည်သို့ နားချရမယ်မသိ။
ခ သည် ရှင်းရဲ့ အဖြစ်သည်းနေမှူကို ကြည့်ကာ ကလိချင်လာသည်မို့
“အမ မိန်းကလေး ဆိုတာ သေချာစဉ်းစားရမှာနော်.. တော်ကြာ အမတရားဝင် တွဲပြီးမှ ပြသနာတက်မှာထက် အခု မကြိုက်ခင်ထဲက အမ သူ့ကို ယုံကြည်ရလား အကဲခတ်ဦး... အမ အဖြေမပေးသေးပဲ စဉ်းစားတာ ပို ကောင်းတယ်..”။
ည သည် ခ ရှင်းကို သက်သက်ပြောတာ သိပေမယ့် ည ကိုယ်တိုင်လဲ အဖြေရှာချင်နေသေးသည်မို့
“အမလဲ ခ ပြောတာ သဘောတူတယ်... အမကို အဖွားကြီး ဖြစ်နေပြီတောင် လူကို အမ ဘယ်လို ယုံကြည်ရမလဲ..
KAMU SEDANG MEMBACA
ကာရန်မညီသော ချစ်ခြင်း Completed
Romansa" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...