"ဟေ့ကောင် မင်းကို အရင်က အဖွားကြီးကို ဘာကြည့်ကြိုက်လဲ ပြောတာ ငါမှားပြီထင်တယ်ကွ...
အမက တော်တော် အကြည့် ခံတယ်ကွ... နောက် စကားပြောလဲ ပြတ်တယ်ထင်ရပေမယ့် ကြင်နာသနားတတ်တဲ့ပုံလဲရ... မျက်နှာတော့ အတော်တည်တယ်နော်...
လူနာတွေကို ဆက်ဆံပုံနှင့် အပြင်လူကို ဆက်ဆံပုံမတူဖူး... ခဏလေး သူမကို အနီးကပ်မြင်လိုက်ရတာ တမျိုးပဲကွာ ခံစားချက်ကြီးက.."။
"ဟာ ဒီကောင်တော့ သူများ ကောင်မလေးကို စောင့်ကြည့်ခိုင်းထားတာ ကြိတ်ပြစ်မှားနေပြီ..
သားကြီး မင်းယုံလို့ ကူညီခိုင်းထားတာနော်... Pleaseကွာ ကိုယ့်ဘော်ဒါ ရဲ့ ကောင်မ
လေး ကို ကြိတ်မကြံနဲ့..."။ကိုယ့်မှာ ဒီကောင့်ကို သူမအနား စောင့်ကြည့်ခိုင်းမှာမှ အရေးထဲ ဒီသကောင့်သားလေးက လာကြွေပြနေသေး။
ရှူပ်ပါတယ်လေ ဘယ်သူ့မှ စောင့်မကြည့်ခိုင်းပဲ သူမကို ဘယ်လို ချဉ်းကပ်ရမလဲ စဉ်းစားမှပါ။
ခက်တာက သူမက ခေါင်းကြောမာတာ ကိုယ်သိထားလို့။
ကိုယ်ကြားထားတာက သူမကို လာကြောင်သည့်သူ တော်တော်များများ ကို ခါးခါးသီးငြင်းထားတာတဲ့လေ။
ကိုယ်လဲ အငြင်းခံရ လျှင် မခံစားနိုင်တာမို့ ကိုယ်လဲ ကြံမိကြံရာ တွေ လျှောက်လုပ် နေရခြင်း။
သူမ ကဗျာ၊ စာတွေ မရေးတာလဲ အတော်ကြာနေပြီ။ အရင်က သူမ အကောင့်လေး ဝင် ဝင်ကြည့် တော့လဲ သူရဲခြောက်မယ်တောင် ထင်ရ တိတ်ဆိတ် နေသည်။
သူမဆီက ကိုယ့်ကို တကယ် သဘောကျ လက်ခံခေါင်းငြိမ့် တာသာ လိုချင်မိသူမို့ တော်တန်ရုံနဲတော့ သူမ အနား မသွားချင်သေးပါ။
သူမရင်ထဲက ကိုယ့်အချစ်ကို တခုခု အသိအမှတ်ပြု မှပဲ သူမ အနား ရဲရဲဝင့်ဝင့် ယှဉ်ရပ်မိချင်သည်။
သူမ အရင်လိုပဲ အဆောင်နားက ဆယ်ကျော်သက်တွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းပြီး သူမ သိထားတာတွေ ဆရာမကြီး လို မသိမသာ လမ်းညွှန်တယ် မကြားမိတော့။
ကောင်မလေး ရေ မင်း ဘာတွေ ရင်ဆိုင်နေရလို့ ဒီလောက်တောင် ပြောင်းလဲ ရင့်ကျက်ပြီး အလုပ်တွေချည်းဖိလုပ်နေတာလဲ။ မင်း ကို စိတ်ပူလိုက်တာကွာ။
ESTÁS LEYENDO
ကာရန်မညီသော ချစ်ခြင်း Completed
Romance" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...