ကိုခန့် ခရီးက ပြန်လာကတည်းက ကုမ္ပဏီရဲ့ ပစ္စည်းအသစ်တင်သွင်း မှူများ ကြောင့် အပတ်တိုင်း အချိန်ပိုဆင်းကာ မအားခဲ့ပါ။
ထိုပစ္စည်းသစ် trainingကို Indiaဖက်မှ technician နှစ်ယောက် လာရောက် သင် ပေးလို့ ကိုခန့် နှင့် တခြား အငယ် ၅ယောက်တက်ကြရပါသည်။
ရုံးမှ HR အမက ကိုခန့် လုပ်ရည်ကိုင်ရည်ကို သဘောကျပြီး အထက်ကို ပြောထားပေးရာ အခုဆို အလုပ်မှာ training မှန်သမျှ ကိုခန့် အမြဲ တက်နေရသည်။
နောက်ပိုင်းတွင်လဲ Singapore, India ဖက်ပါ သင်တန်းလွှတ်မည်ဟု ပင် ပြောထား သေးသည်။
အခု trainingတွင်လဲ ကိုခန့်ကို သေချာ နားထောင်ပေးဖို့မှာထားသည့်အတွက် ကိုခန့် ကုလားသံပါသော India နှစ်ယောက်ရဲ့ ရှင်းပြမှူကို အတော်ကြိုးစား နားထောင်လိုက်ရသည်။
ပထမဆုံးရက်မှာပင် India နှစ်ယောက်ရဲ့ Input, Output အသံထွက်ကို မနဲ နားထောင်ခဲ့ရသည်။
တခြား technical terms များ ပါ ထပ်ဖြည့်လိုက်တော့ ကိုခန့် မှာ စက်တည်ဆောက်ပုံထက် သူတို့အသံထွက်ကြောင့် အတော်ကသိက
အောက် ဖြစ်သလို အတော်လဲတိုင်ပတ်ခဲ့ရတယ်။Training နှစ်ရက် တနေကုန်ဟာ ကိုခန့် တစ်ယောက် နားဒုက္ခ ရောက်သလို အတော်လဲ ကြိုးစားပမ်းစား အဓိပ္ပာယ် ဖော်ခဲ့ရသည်။
Trainingလဲပြီးရော ဇာတ်လမ်းစတော့တာက မြန်မာတနိုင်ငံလုံးကို ဒီစက်ဖြန့်ချီဖို့ မင်းခန့် ဦးဆောင်ကာ marketing အဖွဲ့ နှင့် တောက်လျှောက် ခရီးထွက်ရတော့သည်။
ဒီနေ့လဲ မန္တလေးမှ ပြန်လာတဲ့ လမ်းတွင် ငမျိုး ဖုန်းဝင်လာတာနဲ့ ကိုင်လိုက်ရာ
“ဟေ့ ကောင် မင်းက မိုးည နဲ့ ဇာတ်လမ်းပြီးသွားတာလားကွ...
ဒီတခါတော့ မင်း အထားခံခဲ့ရတဲ့ပုံပဲ... မင်းခန့်ရာ ငါအမြဲ ပြောပါတယ် မင်း ကောင်မလေးကို အနိုင်မကျင့်လွန်းနဲ့လို့ ..
အခုတော့ မင်း ရှားပါးအဖြူထည်လေးကို လက်လွှတ်ရပြီပေါ့...”
ကိုခန့်မှာ ဘလိုင်းကြီး လာကစ်နေသော ငမျိုးကို အလုပ်ပင်ပန်းမှူဒဏ်ကြောင့် ပိုစိတ်တိုသွားသလို ကိုယ့်ကို လာကြောရင် နဲနဲ မှ သီးမခံတတ်သော ကိုခန့်အကျင့်အတိုင်း
ŞİMDİ OKUDUĞUN
ကာရန်မညီသော ချစ်ခြင်း Completed
Romantizm" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...