ကိုခန့် မိဘမဲ့ဂေဟာလေးကပြန် ရောက်ပြီးနောက်နေ့ မိုး နေတဲ့ သမိုင်း အဆောင်နား မိုး အကြောင်းသိချင်စိတ်ဖြင့်ရောက်သွားခဲ့မိသည်။
မိုး အခုတလော အလုပ်တွေ အရမ်း ပိုလုပ်နေကာ ဈေးပါ ရောင်းနေတယ်ကြားလို့ ဘာများ ဖြစ်သလဲ စိုးရိမ်စိတ်ဖြင့်သိချင်နေမိသည်။
ကိုခန့်သိချင်သော အကြောင်း
အရာများကို ပြောပြပေးနိုင်သူမှာ မိုးတို့ဆေးရုံက အမများပင်ဖြစ်တော့ ကိုခန့် မိုးရှိရာ ဆေးရုံသို့ ခြေဦးလှည့်မိ ပြန် သည်။အမတွေက ကိုခန့်ကို လုံးဝ မကြည်သလို ကိုခန့် မျက်နှာချိုသွေး စုံစမ်းမိသည့်
မိုး ဆေးရုံအသစ်ကိုလဲ လုံးဝ
မပြောပြကြပါ။ကိုခန့်လဲ သိချင်နေသည်မို့ မိုး အသိသူငယ်ချင်းအချို့ကိုရော နေရာအတော်များများမှာပါ လိုက်စုံစမ်းခဲ့မိတယ်။
ကိုခန့် တို့ ရုံးက ငွေစာရင်းကိုင် အမတစ်ယောက်ရဲ့ညီမတစ်ဝမ်းကွဲ အိမ်ထောင်ရေး မပြေလည်မှူများကြောင့် အတော်လေး စိတ်ကျရောဂါ ဖြစ် နေ ကြောင်း ကြားသိရမိတယ်။
ထို အမအတွက် နှစ်သိမ့် ဆွေးနွေး အဖြေရှာဖို့ ဆရာမတစ်ယောက်နှင့် ညတိုင်း ဖုန်းပြောနေရကြောင်းပါ ထပ်သိခဲ့ရတယ်။
အဲ့အမ အကြောင်းကြားရတော့လေ ကိုခန့် တကယ် စိတ်မကောင်းဖြစ်မိတယ်။
ဖြစ်ပုံက ဒီလိုဗျ။ အဲ့အမရဲ့အမျိုးသားဟာ အဲ့အမထက် အသက်လဲ ၁၂နှစ်ခန့်ကြီးတယ်။
မိဘသဘောတူလို့ ယူတာ မဟုတ်ပဲ သူတို့ချင်း ရုံးမှာ တွေ့ကြကာ ချစ်ခင်စုံမက်ပြီးယူကြတာ။
သို့သော် ယူပြီးခါမှ ယောကျာ်းလုပ်သူဟာ ရုံးမှ ထွက်ပြီး အပြင်စီးပွားရေးလုပ်တာ ထည့်သမျှ ငွေ ကုန်ကာ အဆင်မပြေဖြစ်သွားတယ်။
လုပ်တိုင်း ရှူံး နေတော့ ဟို အကိုလဲ ဘာအလုပ်မှ မလုပ်တော့ပဲ အိမ်မှာ ဝေလေလေ လုပ်နေကာ ညတိုင်း အရက် ထိုင်သောက်တော့တာပဲ။
မိန်းမလုပ်သူက အမွှာ ကလေးနှစ်ယောက်မလို့ စရိတ်ကြီးတော့
ရုံးအလုပ်မှ ထွက်ကာ
ဈေးထွက်ရောင်း စီးပွားရှာ ပေါ့ဗျာ။
ESTÁS LEYENDO
ကာရန်မညီသော ချစ်ခြင်း Completed
Romance" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...