part - 7

253 10 0
                                    

ည ဒီနေ့ ဂေဟာသို့သွားဖို့ ကားစီးနေရင်း အရင်က ရှိုင်း(ဂျူနီယာ‌ မောင်လေး) ပါတုန်းကတော့ မောင်နှမနှစ်ယောက် တွတ်ထိုးသွားကြတော့ သွားရတာ ပျော်စရာကောင်းလှသည်။

အခုတော့ မောင်ရှိုင်းတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူ ယုယ ဆီသို့ အခတော်စား ဝင်ရောက်သည့်အတွက် မလိုက်နိုင်တာ ကြာပါပြီ။

ဂေဟာလေးကလဲ အမြဲ ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ပေးမယ့် အဖွဲ့အစည်းမရှိ၊ ငွေအင်အား မလုံလောက်မှူ တို့ကြောင့် ည နှင့် ဆေးကု အဖွဲ့တွေ ဘယ်လောက်ကြိုးစားကြိုးစား အခြေအနေ မဆိုးသွားတာပဲရှိတာ ကောင်းမွန်မလာာခဲ့ဖူး။

နောက် အဓိကက သူတို့မှာ မိသားစု ဆီက ချစ်ခင်မှူမရခြင်း၊ စွန့်ပစ်ခံရခြင်း၊ အလုပ်နှင့်ပတ်သတ်၍ အောင် မြင်အောင် မလုပ်နိုင်ခဲ့ခြင်း၊ အထီးကျန်ခြင်း စသော ရိုက်ခတ်မှုများကြောင့်လဲ သူတို့ဟာ နလန်မထူနိုင်ဖြစ်ခဲ့ပုံရတယ်။

ညလဲ အရမ်းစွမ်းစောင်နိုင်သူ မဟုတ်ခဲ့တော့ ည လုပ်နိုင်တာလေးပဲ အားမ လျော့ဆက်လုပ်နေရတယ်။

ညသွားခဲ့တဲ့ ဂေဟာ လေးမှာ လောကကြီးမှ အပြီးတိုင် နှုတ်ဆက်ထွက်ခွါသွားသူ များသလို (၉၆ပါးသော ရောဂါဖြင့်သေကြတာ)  ထပ်ဝင်လာသူတွေလဲ များတော့ ညလဲ ကိုယ်လုပ်ပေးနိုင်တာ အကောင်းဆုံး လုပ်ပေးပြီးပဲ စိတ်ဖြေနေမိတယ်။ ‌

အခုမှ သတိရလို့ ပြောဦးမယ်နော်။ ညက ပရဟိတတွေလုပ်တယ်ဆိုလို့ ည မိသားစုက ချမ်းသာတယ်လို့မထင်ပါနဲ့နော်။

ည ဆေးရုံမှာ လုပ်လို့ရတဲ့ ငွေကို ည ချွေတာသုံးပြီးအိမ်ကို ပြန်ပို့ ပေးနေရတာ။ အိမ်မှာက ည အကြီးဆုံးမို့ အငယ်နှစ်ယောက်ကလဲ ကျောင်းမပြီးသေးတော့ ည ဝင်ငွေကို မျှော် နေကြရတာ။

ဒါတောင် အမေက ရပ်ကွက်ထဲ အိမ်ဆိုင်လေး ဖွင့်ပြီး တဖက်တလမ်းက စီးပွားရှာသလို အဖေကလဲ လက်သမားအလုပ်လေး ကြို့ကြား လက်ခံရှာကြသေးတာ။

ညက တော့ အဖေ့ရော အမေ့ကိုပါ ဘာအလုပ်မှ မလုပ်စေချင်တော့လို့ နားဖို့ ခဏခဏ ပြောပေမယ့် ည ဝင် ငွေလေးကလဲ တအိမ်လုံး စရိတ်ကို ‌မလောက်ငှ သေးတော့ လုံးဝ မလုပ်ဖို့တော့ မပြောနိုင်ခဲ့ဖူး။

ကာရန်မညီသော ချစ်ခြင်း CompletedМесто, где живут истории. Откройте их для себя