အပိုင်း ၂
"ည" စိတ်ဆိုးတယ်ဆိုတာ ဘာလဲမသိတဲ့ သူ့ကို တော်တော်လေးစိတ်ကုန်မိတယ်။
အချိန်၁နှစ်ကျော် ဘေးနားမှာ အမြဲရှိနေပေးတဲ့ ချစ်သူမိန်းခလေး တစ်ယောက်ရဲ့စိတ်ခံစားချက်ကို တစ်စက်မှ နားမလည်တဲ့ မသိတဲ့ သူတစ်ယောက် သိဖို့လဲ မကြိုးစားခဲ့တဲ့ သူ့ကို ရှေ့ဆက်တွဲဖို့ စဉ်းစားရတော့မယ်။
ဆက်တွဲရင်လဲ "ည" ပဲ ပင်ပန်းသောကရောက်ရမှာ။သူက တော့ ပြင်မယ့်ပုံမရ။
အရင်တုံးက သူ့လောင်းရိပ်အောက်မှာ ကြိုက်ကြိုက်မကြိုက်ကြိုက် လိုက်လုပ်နေမိတဲ့ "ည" သည်လဲ အပြစ်မကင်းတာမို့ သူ့ကို အချိန် တစ်ခုအထိစောင့်ကြည့်ပေးရမှာပေါ့နော်။
ဒီနေ့တော့ သူ့ကို လူကြုံနဲ့ထပ်စာရေးပေးလိုက်တယ်။
" 'ည' ရဲ့ပကတိရှိနေတဲ့ ဖြစ်နေတဲ့စိတ်ထားကို နားလည်လက်ခံပေးနိုင်မှ "ည"တို့ ရှေ့ဆက်တွဲကြရ အောင်လား 'ကို'။
'ည' ဘာကြိုက်တယ် ဘာမကြိုက်ဖူးဆိုတာ အရင်ပြန်လေ့လာကြည့်ပါဦး" လို့ပဲ ရေးပေးလိုက်တယ်။
ဘဝမှာ ချစ်နေပေမယ့် မဖြစ်နိုင်မှန်းသိလို့ လက်လျော့ရတဲ့အဖြစ်က တော်တော်ခံစားရပါတယ်။
သတိရနေ တွေ့ချင်ပါသော်
လည်း စိတ်ကို ချုပ်တည်းထားရသည်မှာ အင်မတန်ဆင်းရဲလှပါတယ်။ဒါပေမယ့် အနားမှာ နေရင် သူ့ကြောင့် ပိုခံစားရမယ့်အဖြစ်ကို လက်မခံနိုင်တော့တာမို့ "ည" စိတ်ကို "ည" ပြန်ထိန်းချုပ်နေရတယ်။
အချစ်ထက် နားလည်မှူက ပိုအရေးကြီးမှန်း သူ မြန်မြန် နားလည်နိုင်ပါစေလို့ပဲ "ည"ဆုတောင်းနေမိတယ်။
သူ့ဖက်ကတော့ ခုချိန်ထိ "ည" ကို မနက်တိုင်း အဝေးက လာငေးကြည့်ရုံအပြင်.ဘာမှလဲ လှူပ်ရှားမလာသေးဖူး။
"ည" ဒီနေ့ ပိတ်ရက်လေးမှာ စွန့်ပစ်ခံဘိုးဘွား ဂေဟာ လေးသို့ သွားနေရင်း သူ မရှိတုန်းက "ည"ရဲ့ ဘဝလေးကိုပြန်တွေးနေမိလေသည်။
'ည" က လေသီချင်းဆိုရင်တောင် အဆွေးသီချင်းပဲရွေးနားထောင်တယ်။
ဇာတ်လမ်းတွေဆိုလဲ အလွမ်းဇာတ်မှကြိုက်တဲ့ "ည" ။
အချစ်နဲ့ဆုံမိရင် အသဲကွဲဇာတ်( SE) နဲ့ ဆုံးဖို့များ ဖြစ်နေမလားလို့ ခဏခဏတွေးခဲ့ဖူးတယ်။ တခါတခါကျ တော့လဲ အချစ်ကို နုနုရွရွလေး သီချင်းတွေစပ်ဆို ကဗျာတွေသီကုံးနဲ့ လှလှပပလေး တွေးထင်စိတ်ကူးယဉ်တတ်တဲ့ "ည"။
ŞİMDİ OKUDUĞUN
ကာရန်မညီသော ချစ်ခြင်း Completed
Romantizm" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...