part -13

225 7 0
                                    

သူသည် ည ရန်ကုန်စရောက်စက ကားပေါ် ခါးပိုက်နှိုက်ခံရလို့ ကားမှတ်တိုင်တွင် ဘာလုပ်ရမှန်းမသိလို့ ငိုနေစဉ် ပိုက်ဆံ ကူညီပေးခဲ့ဖူးတယ်။

ညလုပ်ခဲ့ဖူးသော ပရဟိတ လုပ်ငန်းအချို့တွင်လဲ အတူပါဝင်ကူညီခဲ့သည့် မောင်လေးပါ။

သူ့ကို မောင်လေး တစ်ယောက်လို ခင်ခဲ့ အားကိုးခဲ့ဖူးပေမယ့် ကိုခန့်နှင့် ဆုံတွေ့ ပြီးကတည်းက သူသည် ပေါ်မလာ ပျောက်ချက်သား ကောင်းသွားခဲ့သူ။

ည အရင်က သူ့ကို ခဏခဏ သတိရဖူးသော်လည်း လူဆိုတာ တွေ့၊ဆုံ၊ကြုံ၊ကွဲ ပဲ လေ လို့ စိတ်ကိုဖြေလိုက်မိကာ မေ့ဖျောက်ထားခဲ့တာ။

သူ သည် 'ည' အောက် ၄ နှစ်ခန့် ငယ်ပေမယ့် သူ သည် ည ရဲ့ အပူများကို အတော် ဖြေလျော့ ပေးနိုင်သည့်သူ၊ ည သူ့‌ ရှေ့မှာဆို ‌ည ပြောချင်သည့်စကားများကို မောင်လေးတစ်ယောက်လို လွတ်လပ်စွာ အကုန် ပြောဆိုခဲ့ဖူးသည်။

သူသည် ည ဘယ်အချိန် ဆက်သွယ် ပြောပြော အမြဲ နွေး ထွေး ဖော် ရွေစွာ ည ဘာ ပြော ပြော ငြိမ် နားထောင်ပေးတတ်သည်။ ည အပြောရပ်မှသာ အမဒီလို လုပ်လိုက်ပါလား ဟု အကြံပေးသူလဲ ဖြစ်ကာ ညကို ဆို သူ့မျက်စိထဲ ကလေး တစ်ယောက်လို မြင်နေတဲ့သူလဲ ဖြစ်တယ်။

ည တခါကလဲ မိဘမဲ့ကျောင်းလေး သွားတုန်း သူတို့ရဲ့ အိပ်ရာခင်း တွေ စောင်‌ေတွ ရော ညစ်ပတ်နေတာ မြင်ရတော့ မနေနိုင်စွာ လျှော် ဖွပ်ပေးတာကြည့်ရင်း

"အမ တခါတလေ အရမ်းအပင်ပန်းခံတာပဲ...

အဲ့ အလုပ်တွေက ဂေဟာရဲ့ သန့်ရှင်းရေး အန်တီကြီးကို သေချာ ခေါ်ပြောပြီး အမရှေ့မှာတင် လျှော်ခိုင်းလိုက် ပြီးရော...

အခုကျ အမ အဲ့ဒါတွေ အကုန် လျှော်ပြီး ကားပေါ်ရောက်မှ လက်ကိုက်လိုက်တာ လာမညီးနဲ့‌ နော်...

အမကလေ အမြဲ အောက်ခြေသိမ်းအလုပ်တွေလဲ ဝင်လုပ်တာပဲ...

ဘယ်တော့ မှ ဟိတ်ဟန်မရှိ မာန်မာနမထား... အမ အဲ့လို ပုံမျိုး လုပ်နေလို့ တချို့ တွေက အမထက် အခုမှ လာလုပ်တဲ့ ကျတော့်စကားကို ပို ကြောက်တာ..

အမ ကလေ ကလေးလေး ကျနေတာပဲ နေရာတကာ ကျတော်က ဝင်‌ ပြောနေရတာ တကယ်ပဲနော်...

ကာရန်မညီသော ချစ်ခြင်း CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ