part - 4

296 10 0
                                    

"ည" ကို ထပ်မဆက်သွယ်သလို မနက်တောင် လာမကြည့်တော့သည့်သူ့ကြောင့်
"ည" ဝမ်းနဲ နေမိသည်။

ချော့ဖို့လဲ မကြိုးစား၊ ဖုန်းလဲ မဆက်တဲ့ သူသည် အရင်လိုပဲ "ည"ကပဲ စခေါ်ရမယ်လို့ တွေးနေသလားပင်မသိ။

တခါတခါ ချစ်သူ ဘဝရောက်ကတည်းက ဖုန်းစဆက်ခြင်းမရှိ၊ ချော့ခြင်းမရှိသည့်သူဟာ "ည" တို့ ဆေးရုံက အမတွေပြောသလိုပဲ "ည" ကို ချစ်တာထက် သူ့အတ္တနှင့်မာနကို ပိုချစ်တဲ့သူလား။

"ည" ထိုအတွေးတွေကို ရပ်တန့်ပစ်လိုက်မိ တော့ သည်။ ဆက်မတွေးရဲတော့ ပဲ သူရဲဘောကြောင်စွာ "ည" အခုတက်နေသည့် Coursera course အသစ်ကိုပဲ အာရုံစိုက်‌ နေမိသည်။

"ည" အမှန်တကယ် သိနားလည်ချင်မိသည့် စိတ်ရောဂါဝေဒနာသည်များရဲ့ ခံစားချက်ပြုမူပုံတို့ကို "ည" ပိုလေ့လာမှ ဖြစ်မှာပါ။

ဒါမှသာ "ည" ဂေဟာ မှ စိတ်ဝေဒနာရှင် များနှင့် အဖိုးအဖွား တို့ကို "ည" ပိုစောင့် ရှောက်နိုင်လိမ့်မည်။

အခု နောက်ပိုင်းတွင် ဂေဟာမှ စိတ်ဝေဒနာရှင်များသည် ညဆို မအိပ်ပဲ တစ်ယောက်ထဲ စကားထပြောခြင်း၊ နောက်က လိုက်နေလို့ဆိုကာ ထွက်ပြေးကြခြင်း၊ သူ့ကိုသူ မယ်တော်ဟုဆိုကာ တွေ့သမျှ လူတိုင်းကို သူ့အားကန်တော့ခိုင်းခြင်း၊ တခါတခါ ဆပ်ပြာမှူန့်များ ထကောက်စားခြင်း၊ တခါတခါလဲ အကျီလုံချည်များ ချွတ်ပစ်ကာ ကွေးနေအောင် ကခြင်း... ပို လုပ်လာတယ် ကြားမိလို့ပါ။ သူတို့ လုပ်ကြတာတွေ ပြောရရင် ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်လိမ့်မည်။

မနေ့က "ည"
ဂေဟာ ရောက်တော့လဲ အဆောင်မှူးဆိုသူက ထုံးစံအတိုင်း (သူလဲ မထူးခြားနားပေမယ့် တခြားလူတွေထက် နဲနဲ ပိုအသိရှိ နေသေးသူ) "မိုးည" တွေ့တာနဲ့ ဖက်ပြီး ငိုကာ

"ဆရာမ အဲ့လူတွေ ကျမ မထိန်းချင်တော့ဖူး ဆရာမရယ်...ညည ဆို တယောက်တမျိုး ထထ ဖောက်ကြတာ ကျမမှမရူးရင် ဘယ်သူရူးမလဲ နော်...

ဆရာမလာတဲ့နေ့ပဲ သူတို့ ငြိမ်ကြတာ... ကျန်အချိန်ဆို သောင်းကျန်းချက်ပဲ...ဟိုဖက်က အမေစောဆို ညညကျမှ တညလုံး ဘုရားစာတွေ ထရွတ်၊ ဟိုဖက်က အမေပုကျ ညတိုင်း တံမြက်စည်းလှည်း သန့်ရှင်းရေးတွေ ထလုပ်တာ..." စသဖြင့် အဆောင်မှူးရဲ့ ရင်ဖွင့်တိုင်ကြား တတ်တယ်။

ကာရန်မညီသော ချစ်ခြင်း Completedحيث تعيش القصص. اكتشف الآن