'ဝိုး တိုက်ဆိုင် လိုက်တာဗျာ... ကျတော် သူမနဲ့ အပြင်မှာ မျက်နှာချင်းဆိုင် တွေ့ရမယ်'လို့ မထင်ခဲ့ဖူး။
ဟာ ကြည့်စမ်းပါဦး သူမဘာ တွေကို စိတ်ဝင်တစား ကြည်ြနေတာလဲ...
မျက်မှောင်လေးကြုတ်လိုက် နှုတ်ခမ်းလေး ဆူလိုက်နဲ့ သူမ စိတ်တိုင်းမကျလို့ ထင်ပါရဲ့...ကျတော်ဟာ သူမနဲ့ လူနှစ်ယောက်အကွာမှာ ရပ်နေတာဖြစ်ပြီး လူနှစ်ယောက်ခေါင်းကြားက မြင်နေရသော သူမ မျက်နှာကို တဝကြီး ငေးကြည့်နေမိသည်။
ပုံမှန်ဆို သူမ ကျတော်ကို မြင်သွားမှာ ဖြစ်ပေမယ့် အခုတော့ သူမ တခုခုကို ကြိုးစားပမ်းစားရှာနေသည်မို့ ကျတော် သူမကို စိတ်တိုင်းကျ ငေးနေခွင့်ရခဲ့တာ။
ဟာ ကျစ် ဒုက္ခပဲ.. ဘေးနားက လူနှစ်ယောက် ထွက်သွားမှူကြောင့် သူမနှင့် ကျတော်ကြားတွင် မည်သူမျှ ရှိမနေတော့ပါ။
ကျတော် အမြန်ဆုံး ထိုင်ချလိုက်ပြီး မျက်စိရှေ့ မြင်နေမိသော key chain တို့ကို အကြောင်းမဲ့ မွှေနှောက်နေမိသည်။တကယ်က ကျတော် လာဝယ်တာ ဖိုင်နှင့် ရောင်စုံ marker ဝယ်ဖို့ ပါ။
ရုတ်တရက် သူမကို တွေ့လို့ တွေ့သည့်နေရာ ခဏ ရပ်နေပြီး ငေးမိခဲ့တာဖြစ်တယ်။
သူမ ကြည့်နေသည့် ပစ္စည်း ကြည့်မိတော့မှ သူမ fancy 925 လက်စွပ်နှင့်ဆွဲကြိုးလေးတွေ ပဲ။သူမက အဲ့လိုလေးတွေ ကြိုက်တတ်မယ် မထင်ထားဖူး။
သူမသည် လက်စွပ်လေးတွေ ကြည့်နေရင်း အမှတ်မထင် ကျတော့်ဘက် လှည့်လိုက်ရာ ကျတော့်မယ် key chainတခု အမြန်လွှတ်ချလိုက်မိပြီး ပြန်ကောက်သလို လုပ်နေလိုက်ရတယ်။
ခဏ ကြာတော့ သူမ စိတ်တိုင်းမကျလို့ ထင် လှည်းတန်း ...စတိုး ဆိုင်မှဘာမှ မယူပဲ ပြန်ထွက် သွားတော့တယ်။
ကျတော်လဲ သူမထွက်သွားတော့ မသိမသာ နောက်က လိုက်ကြည့်မိတယ်။
သူမသည် လှည်းတန်းဈေးထဲက အသုတ်ဆိုင်မှာ အသုတ်စားနေတာ တွေ့လို့ ကျတော်လဲ အဲ့နားက ဆိုင် တွေ ပတ်ကြည့်ရင်း သူမကို စောင့် နေမိတယ်။
နောက် ကျတော် အတွေးတစ်ခု ဝင်လာကာ သူမ ဆီ စာပို့လိုက်တယ်။
YOU ARE READING
ကာရန်မညီသော ချစ်ခြင်း Completed
Romance" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...