part - 8

250 10 0
                                    

ည ဒီနေ့ ဆေးရုံရောက် တော့ ဆေးရုံ ဂိတ်ပေါက်တွင် ညအတွက်ဆိုပြီး သစ်ပင်တစ်ခုရောက်နေသလို ထိုသစ်ပင်ပေါ်တွင်လဲ

"ဘယ်လို အခက်အခဲရှိရှိ အားတင်းထားပါ၊ မိုးညကို စိတ်ပူမိတဲ့ တစ်ယောက်"။

ည သည် ထိုသစ်ပင်ကိုကြည့်ပြီး ဘယ်သူ ပေးသလဲ ဆိုတာ ခန့်မှန်းမရ။

အမှန်တော့ ည အပင်မစိုက်တော့တာ ကိုခန့်နှင့်ပြတ်ပြီး
တည်းကပါ။

ည ဘာကိုမှ သံယောဇဉ် မတွယ်ချင်တော့လို့ အပင်လဲ မစိုက်တော့သလို ည အချစ်ကားတောင် မကြည့်ဖြစ်တော့ပါ။

ညအတွက် နံပတ်တစ်သည် အလုပ်၊ နံပတ်နှစ်သည် ပရဟိတ၊ ‌နံပတ်သုံးသည် ငွေ ဖြစ်ခဲ့ကာ ည ပျော်ပျော်နေပြီး လှလှပပလေးသာ နေခဲ့မိတယ်။

ဒီတော့ အဲ့သစ်ပင်လဲ နောက်နေ့ ဂေဟာသွားရင် ယူသွားမယ် တွေးကာ စားပွဲပေါ်ပဲ တင်ထားမိတော့တယ်။

ဒီလိုနဲ့ နေ့လည် ထမင်းစားချိန် ရောက်လို့ ထမင်းစားပြီး ခဏနားနေစဉ် မက်ဆေ့ရောက်လာရာ

" အပင် မချစ်တတ်ဖူးလား... မိုးည ပျော်နေတာကိုသာ အမြဲ မြင်ချင်မိသူပါ။ အလှဆုံး ပြုံးထားပါ မိုးညလေး"။

ဘုရားရေ ဒီအပင်ပိုင်ရှင်သည် ဘယ်က ပါလိမ့်။ ဘာလို့ ည အပင် ချစ်တာ သိနေရတာပါလိမ့်။

ည စိတ်ထဲ တစ်ယောက်
ယောက် လှမ်းကြည့်နေသလို ခံစားရလို့ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိလိုက်ရာ ဘယ်သူမှ လဲ ကြည့်မနေပါ။

ညလဲ စိတ်ကို လျော့လိုက်ကာ ည တာဝန်ကျရာ အခန်းသို့လာခဲ့မိသည်။

အို ဆရာဝန်ကြီး နှင့် အခုမှ ကျောင်းဆင်းထားသည့် ဆရာဝန်ငယ်‌ တွေပါလား။ လူနာလာ စစ်ဆေးတာထင်တယ်။

ညလဲ သူတို့ မေးမြန်း နေတာမို့ မဝင်သေးပဲ မလှမ်းမကမ်းက ရပ်စောင့်နေစဉ်

"ဟို နား ရပ်နေတဲ့ သမီး မိုး ဒီ ခဏလာဦး"။

ဆရာဝန်ကြီး မှ လှမ်းခေါ်သံ‌ ကြောင့် ည အပြေးအလွှား သွားလိုက်မိပြီး

"ဟုတ်ကဲ့ သမီး ဘာကူညီပေးရမလဲ ဆရာကြီး"။

"အေး သမီး မိုး သူတို့ သိချင်တာ ရှာပေး ဖြေပေးလိုက်ကွယ်...

ကာရန်မညီသော ချစ်ခြင်း CompletedOnde histórias criam vida. Descubra agora